Перейти к содержимому

ရုရှားပိုင်နက်ကို NATO ထိပါးရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ်လို့ ပူတင်ခြိမ်းခြောက်

People's Spring

0:00 / 0:00

ရုရှားပိုင်နက်ကို NATO ထိပါးရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ်လို့ ပူတင်ခြိမ်းခြောက်

13 078 просмотров · 8 ч назад
People's Spring
702 тыс. подписчиков
13 078 просмотров · 8 ч назад
ရုရှားပိုင်နက်ကို NATO ထိပါးရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ်လို့ ပူတင်ခြိမ်းခြောက် အောက်တိုဘာလ- ၂ ၊၂၀၂၆ ။People’s Spring NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကြားမှာ တည်ရှိနေတဲ့ ရုရှားရဲ့ ပိုင်နက်နယ်မြေ တစ်ခုအပေါ် တိုက်ရိုက် ခြိမ်းခြောက်မှုတွေ ရှိလာရင် ရုရှားကလည်း လက်နက်တိုက်ထဲမှာ ရှိသမျှ အရင်းအမြစ် အားလုံးကို ထုတ်သုံးပြီး လက်တုံ့ပြန်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါဟာ ရုရှားက နျူကလီးယား လက်နက်တွေကိုပါ အသုံးပြုလာနိုင်တယ် ဆိုတာမျိုး NATOကို သတိပေးလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ကာလင်နင်ဂရတ်ဟာ ရုရှားနိုင်ငံနဲ့ တသီးတခြား တည်ရှိပြီး ပိုလန်၊ လစ်သူယေးနီးယား၊ ဘီလားရုစ်နဲ့ ဘောလ်တစ် ပင်လယ်တွေက ဝန်းရံတည်ရှိပါတယ်။ ပိုလန်နဲ့ လစ်သူယေးနီးယားတို့ဟာ NATO အဖွဲ့ဝင် နိုင်ငံတွေဖြစ်ပြီး ဘီလားရုစ်ကတော့ ရုရှားရဲ့ အမာခံ မဟာမိတ် ဖြစ်ပါတယ်။ ပူတင်က ရုရှားပိုင် ကာလင်နင်ဂရတ်ကို ပိတ်ဆို့တဲ့၊ ထိပါးတိုက်ခိုက်တဲ့ ဘယ်လိုကိစ္စကိုမဆို ရုရှားဖက်ကလည်း အရင်းအမြစ် အားလုံး ထုတ်သုံးပြီး တုံ့ပြန်မှာ ဖြစ်တယ်လို့ အောက်တိုဘာ ၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ရုရှားဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ တိုက်ရိုက် ခြိမ်းခြောက်ဖို့ မရည်ရွယ်ကြောင်း၊ ဒါပေမဲ့ ၂၀၂၉၊ ဒါမှမဟုတ် ၂၀၃၀ လောက်မှာ စစ်ဖြစ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်နေတယ်ဆိုတဲ့ ဥရောပနိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေကိုသာ တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။ အခုသီတင်းပတ်ထဲမှာ ရုရှားဟာ NATOက ကာလင်နင်ဂရတ် ဒေသကို ပိတ်ဆို့ဖို့ ကြံစည်ကြိုးစားနေကြောင်း စွပ်စွဲမှုတွေကို အရှိန်မြှင့်လာခဲ့ပါတယ်။ တစ်ဖက်မှာတော့ NATOကလည်း သူတို့ရဲ့ ရပ်တည်မှုဟာ ကာကွယ်ရေး မဟာမိတ် အစုအဖွဲ့ တစ်ခုသာဖြစ်ပြီး ဘယ်လို ကျူးကျော်မှုကိုမှ ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ချက် မရှိကြောင်း၊ ရုရှားအနေနဲ့ နျူကလီးယား လက်နက်တွေပြပြီး ခြိမ်းခြောက်တာကို ရပ်သင့်နေပြီဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ ပူတင်ရဲ့ အခုလို ကိုယ်တိုင် ခြိမ်းခြောက်တဲ့ စကားမျိုး ထွက်ပေါ်မလာခင် ကတည်းက NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက NATOဟာ ကာလင်နင်ဂရတ်ကို ပစ်မှတ်ထားဖို့ လုံးဝ အစီအစဉ် မရှိကြောင်း ဖြေရှင်းထားပါတယ်။ နောက်ပြီး NATOနဲ့ ဖက်ပြိုင်ပြီး ပဋိပက္ခ ဖြစ်လာမယ်ဆိုရင် ရုရှားမှာ နိုင်ခြေ မရှိဘူးလို့လည်း သူက သတိပေးခဲ့ပါတယ်။ NATOဟာ အဖွဲ့ဝင်နိုင်ငံတိုင်းရဲ့ ပိုင်နက်နယ်မြေတွေကို တစ်လက်မတောင် အထိပါး မခံဘဲ ကာကွယ်မှာ ဖြစ်ကြောင်း၊ တစ်ခုခု ဖြစ်လာရင်လည်း တန်ပြန်ဖို့ NATOဖက်က အဆင်သင့် ရှိနေကြောင်း ရူတေးက ဆိုပါတယ်။ ===== လေယာဉ် အနုကြမ်းစီးဖို့ အားထုတ်မှုမှာ အီရန်သာ ပါဝင်ပတ်သက်နေရင် အပြင်းအထန် ထိုးနှက်သွားမယ်လို့ ထရမ့်ပြော အောက်တိုဘာလ- ၂ ၊၂၀၂၆ ။People’s Spring အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ ဖြစ်စဉ်မှာတော့ အိုမန်သား တွဲဖက်လေယာဉ်မှူးဟာ အိန္ဒိယ နိုင်ငံသား လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို မြေပြင်ပေါ် စိုက်ဆင်းဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ လေယာဉ်မှူးက အခန်းတံခါးကို ရအောင်ဖွင့်ပြီး အကူအညီ တောင်းခံခဲ့တာကြောင့် ခရီးသည်တွေက တိုက်ခိုက်သူကို လက်ရ ဝိုင်းဖမ်းခဲ့သလို လေယာဉ်ကလည်း ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ အရေးပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ Flydubai လေကြောင်းလိုင်းက ပိုင်ဆိုင်တဲ့ လေယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စ နောက်ကွယ်မှာ အီရန်ရဲ့ ပတ်သက်မှု ရှိကောင်း ရှိနိုင်တယ်လို့ ထရမ့်ရော၊ ယူအေအီး အစိုးရ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ကို အီရန်က ညွှန်ကြား ကြိုးကိုင်တယ် ဆိုတာမျိုးတော့ တိတိကျကျ စွပ်စွဲမထားပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တွဲဖက်လေယာဉ်မှူးဟာ အစွန်းရောက် အစ္စလာမ်မစ် ဝါဒ သွတ်သွင်းခံထားရတယ်လို့ ပြောကြားခဲ့ပေမယ့် လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ အတိအကျ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အိမ်ဖြူတော်မှာ သတင်းထောက်တွေက ဒီကိစ္စ နောက်ကွယ်မှာ အီရန် ပါဝင်ပတ်သက်နိုင်သလားလို့ မေးမြန်းကြတဲ့အခါ ထရမ့်က သူကြားထားတဲ့ အချက်အလက်တွေ အရဆိုရင် ဒီကိစ္စက အမှန်ပဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ စုံစမ်းမှုတွေကို ဆက်လုပ်နေကြောင်း ပြန်ဖြေခဲ့ပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ပူတင်၏နျူကလီးယားခြိမ်းခြောက်မှု #ရုရှားနှင့်နိတိုး #နျူကလီးယားလက်နက် #ရုရှားစစ်ရေးသတင်း #နိုင်ငံတကာစစ်ရေးသတင်း #PutinNuclearThreat #RussiaNATO #NuclearOption #RussianDefense #WorldDefenseNews #WorldNews #ထရမ့်၏သတိပေးချက် #အီရန်နှင့်အမေရိကန် #လေယာဉ်အနုကြမ်းစီးမှု #အရှေ့အလယ်ပိုင်းတင်းမာမှု #နိုင်ငံတကာစစ်ရေးသတင်း