Khit Thit Morning News | 26 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Morning News | 26 October 2026
99 144 просмотра · 3 ч назад
Khit Thit Media
3,31 млн подписчиков
99 144 просмотра · 3 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကြံ့ဖွတ် နဲ့ စစ်တပ်ထောက်ခံသူတွေကို “စိမ်းပိန်း” လို့ ရည်ညွှန်းပြောဆိုခဲ့တဲ့ တရုတ်အစိုးရ စကားပြန် ကျောက်ကျင်ကို တရုတ်အစိုးရအနေနဲ့ အရေးယူပေးဖို့ ကြံ့ဖွတ်ပါတီ ဗဟိုအလုပ် အမှုဆောင် ဘူးလက်လှဆွေက တောင်းဆိုလိုက်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေနဲ့ စစ်အာဏာရှင်တွေရဲ့ ပရိယာယ်တွေကို တိုင်းရင်းသားတွေ အနေနဲ့ စည်းလုံးညီညွတ်စွာ တုံ့ပြန်ကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်း လိုက်ပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့မှာ PDF အယောင်ဆောင်ပြီး ဓားပြတိုက်တဲ့ စစ်သား ၅ ဦး ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပေမယ့် စစ်တပ်က စစ်ဆေးမယ်ဆိုပြီး ဓားပြတိုက်ယူသွားတဲ့ ငွေကျပ် သိန်း ၃၀ နဲ့အတူ ပြန်ခေါ်သွားတယ်လို့ ယောအလင်းတန်း တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
-အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေဟာ အီရန်ဘက်က လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ချမှတ် ထားတဲ့ အချက် ၇ ချက်ကို အမေရိကန်ဘက်က လက်ခံလိုက်နာဖို့ ဆန္ဒရှိလာမှသာ အဓိပ္ပါယ်ရှိမှာ ဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ ဆွေးနွေးမှုတွေဟာ အဓိပ္ပါယ်မရှိသေးဘူးလို့ အီရန်လွှတ်တော် ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။