Khit Thit Evening News |June 1, 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News |June 1, 2026
573 072 просмотра · 3 месяца назад
Khit Thit Media
3,28 млн подписчиков
573 072 просмотра · 3 месяца назад
Khit Thit သတင်းဌာန၏ ဇွန် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်းတွေထက် သာတဲ့အရည်အသွေးကောင်း ပြည်ပ သွင်းကုန်ပစ္စည်းတွေကို အကောင်းကြိုက်တိုင်း တင်သွင်းခွင့်မပြုနိုင်ဘူးလို့ အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် အိန္ဒိယမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။
ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်တွေက လိုက်လံ တိုက်ခိုက်ခြေမှုန်းမှုတွေအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီး စိုးပြည့်ကျော် အပါအဝင် စစ်သား ၁၈ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
မကွေးတိုင်း မင်းတုန်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ဝင်ရောက်လာ တဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပေါင်း ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အယောက် ၂၀ ထက်မနည်းက အသီးသီးသေကုန်ကြပြီးဖြစ်တယ်လို့ သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကွန်ဂိုနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အီးဘိုလာ ရောဂါ ကူးစက်မှုတွေဟာ တောရိုင်းတိရစ္ဆာန် အသားတွေကို မဆင်မခြင် စားသုံးတာတွေနဲ့ ဆက်စပ်နေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။