Перейти к содержимому

သိစိတ်ကို သိစိတ်နဲ့ သိလို့ရပါ့မလား | Understanding The Observer သင်တန်း

Mental Health By Dr DeDe

0:00 / 0:00

သိစိတ်ကို သိစိတ်နဲ့ သိလို့ရပါ့မလား | Understanding The Observer သင်တန်း

806 просмотров · 5 месяцев назад
Mental Health By Dr DeDe
811 подписчиков
806 просмотров · 5 месяцев назад
Understanding The Observer (Facebook & Telegram Premium Group) ✅ မကြိုးစားဘဲနဲ့ စိတ်ပြဿနာတွေ၊ စိတ်ညစ်တာ၊ စိတ်ကျတာတွေကို သက်သာစေတဲ့နည်း ရှိလားဆိုတော့ ရှိတယ်လို့ဘဲ ဖြေရမယ်။ ဘယ်လိုနည်းလဲဆိုတော့ ကျွန်တော်တို့ရဲ့ အတွေးတွေကို "ခံစားသူ နေရာကနေ မကြည့်ဘဲနဲ့ စောင့်ကြည့်သူ နေရာကနေ ကြည့်တဲ့" နည်းပါ။ ✅ ဒီအမြင်ကို ရဖို့ကိုတော့ နည်းစနစ်မှန်မှန် တစ်ခေါက်လောက် ကြိုးစားလေ့ကျင့် ထားဖို့တော့ လိုတယ်။ ဒီ Group လုပ်ဖို့ကို ဟိုးလွန်ခဲ့တဲ့ (၃) နှစ်ကျော် ကတည်းကနေ တေးထားခဲ့တာ။ OCD၊ Anxiety၊ Depression ရောဂါတွေကို ဖြေရှင်းတဲ့နေရာမှာ လိုအပ်တဲ့ စိတ်လေ့ကျင့်ခန်းတွေ သင်ပေးတဲ့ Group တွေကသာ အလျှိုလျှို ဖြစ်လာခဲ့ပေမယ့် ဒီ Group က ဖြစ်မလာခဲ့ဘူး။ ✅ ဘာလို့လဲဆိုတော့ Observer လို့ခေါ်တဲ့ စောင့်ကြည်သူ သဘောတရားကို လူတိုင်းနားလည်အောင် ရှင်းပြဖို့ အားပါတဲ့ ဥပမာတွေ၊ အားပါတဲ့ စကားလုံးတွေ ဖန်တီးတဲ့ နေရာမှာ ကျွန်တော့်အတွက် အလွန်တရာ ခက်ခဲနေခဲ့လို့ပါ။ ကျွန်တော့်ရဲ့ စကားလုံး မပိုင်တဲ့ အားနည်းချက်လို့ ဆိုရမလားဘဲ။ ဒီ (၃) နှစ်အတွင်း ဥပမာတွေကို နည်းနည်းချင်းစီ တစိမ့်စိမ့် စုလိုက်၊ စကားလုံးတွေကို စုပေါင်းစပ်ပေါင်း တည်ဆောက်ကြည့်လိုက်နဲ့ အခုတော့ ပြည့်စုံပြီလို့ ယူဆတယ်ပေါ့ဗျာ။ 👨‍⚕️ မိတ်ဆွေတို့ ခံစားနေရတဲ့ စိတ်ကျတာတွေ၊ သောကတွေ၊ ဒုက္ခတွေဟာ တကယ်ရှိပါတယ်။ တကယ်လည်း နာကျင်ရပါတယ်။ အဲဒါတွေကို ပြင်ဖို့ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ မိတ်ဆွေက ခံစားသူနေရာကနေ ကြည့်နေတဲ့ ဉာဏ်အမှားကြောင့်ပါ။ 👨‍⚕️ ဒါပေမယ့် မိတ်ဆွေတို့ဆီမှာ ဘယ်သောအခါကမှ စိတ်ပြဿနာ၊ စိတ်ရောဂါတွေ မဖြစ်ခဲ့ဘဲနဲ့ အမြဲတမ်း လွတ်မြောက်နေပြီးသား ဉာဏ်တစ်ခု ရှိပါတယ်။ အဲဒီဉာဏ် ရှိကြောင်းကို မိတ်ဆွေတို့ လက်ခံလာတဲ့အထိ ကျွန်တော့်ဘက်က သက်သေပြရင်း အဲဒီဉာဏ်ပွင့်အောင် ဘယ်လိုလေ့ကျင့်ရမလဲ နည်းလမ်းတွေကို ဒီတစ်ခေါက် သင်ပေးသွားမယ်။ ____________________________________________ 🟦 ဒီ Group က ဘယ်လိုလူတွေအတွက် ရည်ရွယ်ထားပါသလဲ❗ 🔺 တွေးခေါ်ရတာ နှစ်သက်တဲ့သူတွေ 🔺 စိတ်ရဲ့အလုပ်လုပ်ပုံကို အမှန်အတိုင်း သိချင်တဲ့သူတွေ 🔺 နည်းလမ်းပေါင်းစုံ သုံးပြီးတာတောင် စိတ်ကို ထိန်းချုပ်လို့မရ ဖြစ်နေတဲ့သူတွေ 🔺 စိတ်ဒဏ်ရာ သက်သာချင်တဲ့သူတွေ 🔺 အတွေးလွန်သူတွေ၊ စိုးရိမ်စိတ် များသူတွေ 🔺 အဆိုးမြင် အတွေးတွေ များလွန်းနေတဲ့ သူတွေ၊ စိတ်ကျတဲ့သူတွေ 🔺 Rational Thinking (အကြောင်းအကျိုး ဆီလျော်စွာ ဆင်ခြင်ခြင်း) ကျကျ တွေးတတ်ချင်သူတွေ 🔺 တရားထိုင်တာ အဆင်မပြေသူတွေ 🔺 စိတ်ကိုပြောင်းလဲဖို့ လိုပြီလို့ တွေးသူတွေ ____________________________________________ 🟦 ဒီ Group က ဒီလိုလူတွေအတွက် အဆင်မပြေလောက်ပါ ❗ 🔺 တွေးရမှာ အချိန်မပေးနိုင်သူတွေ 🔺 အပိတ်တွေးရတာ ကြိုက်သူတွေ 🔺 ယုံမှားသံသယ လွန်နေသူတွေ 🔺 စိတ်ကိုစိတ်နဲ့ ပြုပြင်ပေးလို့ ရတာကို မယုံတဲ့သူတွေ ⚠️ Understanding The Observer Group ရဲ့တသက်တာ Group ဝင်ကြေး (Lifetime) က လောလောဆယ်မှာတော့ (၁) သိန်းခွဲကျပ် တိတိ သတ်မှတ်ထားပါတယ်။ ⚠️ (၂) နာရီစာ Recorded Video (၁၄) ပုဒ် ပါပါမယ်။ အစောဆုံး Join မယ့် မိတ်ဆွေ (၃၀) ယောက်အတွက် (၅၀၀၀၀) ကျပ်သာ သတ်မှတ်ပေးထားပါတယ်။ ⚠️ Facebook မှာရော တယ်လီဂရမ်မှာပါ Private Group လုပ်ပေးထားတယ်။ ____________________________________________ ⬛ အသေးစိတ်ကို Page Messenger (m.me/107651705467162) ကနေတစ်ဆင့် မေးမြန်းစုံစမ်းနိုင်သလို 🔺 UTO Group ကို Join ချင်ပါတယ် 🔺 ဆိုပြီး တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်။ 🩺 Dr.DeDe (Mental Health) 🩺