Перейти к содержимому

“နယ်စပ်ဒေသတွေမှာ ဝ- နယ်လိုမျိုးဖြစ်လာပြီး ပြည်မမှာ စစ်အာဏာရှင် ဆက်ရှိနေရင်လည်း မဟုတ်သေးဘူး”

Htet Aung Kyaw

0:00 / 0:00

“နယ်စပ်ဒေသတွေမှာ ဝ- နယ်လိုမျိုးဖြစ်လာပြီး ပြည်မမှာ စစ်အာဏာရှင် ဆက်ရှိနေရင်လည်း မဟုတ်သေးဘူး”

30 566 просмотров · 1 день назад
Htet Aung Kyaw
214 тыс. подписчиков
30 566 просмотров · 1 день назад
“နယ်စပ်ဒေသတွေမှာ ဝ- နယ်လိုမျိုးဖြစ်လာပြီး ပြည်မမှာ စစ်အာဏာရှင် ဆက်ရှိနေရင်လည်း မဟုတ်သေးဘူး” ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ) (၂၇ အောက်တိုဘာ ၂၀၂၆) “နယ်စပ်ဒေသတွေမှာ UWSA ဝ- နယ်လိုမျိုး လွတ်လပ်တဲ့နယ်မြေတွေပေါ်လာပြီး ပြည်မမှာ စစ်အာဏာရှင်စနစ်နဲ့ ဗမာပြည်သူတွေ ကျန်နေရင်လည်း မဟုတ်သေးဘူး။ စစ်အာရှင်စနစ်ကို ဖြုတ်ချနိုင်မှ ဖက်ဒရယ်ဒီမိုကရေစီကို သွားလို့ရမှာဖြစ်တယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ NCA ဆွေးနွေးပွဲမှာ တရုတ်ဖက်က အဆိုပြုလိုက်တဲ့ “တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံများကို ရှာဖွေရန်”... ဆိုတာ UWSA - ၀ -နယ်လိုမျိုး ထူထောင်ကြဖို့ ဆိုလိုတာလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ... UWSA နယ်လိုမျိုးကို စစ်တပ်ဖက်က အသိအမှတ်ပြုရင် ERO တွေနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေ ယာယီရပ်သွားနိုင်သလား... တရုတ်စီမံကိန်းတွေရှိတဲ့နေရာမှာ မြန်မာစစ်တပ်မဟုတ်တဲ့ တရုတ်နဲ့အဆင်ပြေတဲ့ ERO တွေ နေရာချထားရေးကို တရုတ်ဖက်က အကြံပြုနေတာလား... နယ်စပ်ဒေသတလျောက်မှာ UWSA ဝ-နယ်လိုမျိုး လွတ်လပ်တဲ့ ဒေသတွေပေါ်လာပြီး ပြည်မမှာ စစ်အာဏာရှင် ဆက်ရှိနေရင် မြန်မာပြည် ဘာဆက်ဖြစ်နိုင်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။