ငါးမွှေကြော် အစပ် Myanmar spicy fish curry
Cook for K1
0:00 / 0:00
ငါးမွှေကြော် အစပ် Myanmar spicy fish curry
35 017 просмотров · 4 года назад
Cook for K1
462 тыс. подписчиков
35 017 просмотров · 4 года назад
ထမင်းပူပူနဲ့ နယ်ပြီးစားလို့ကောင်းသလို မုန့်ဟင်းခါးမုန့်ဖက်လေးနဲ့ နယ်ပြီးသုပ်စားလည်းကောင်းတဲ့ ငါးမွှေကြော်အစပ်လေးပါ။
ပါဝင်ပစ္စည်းတွေကတော့
ငါးကြင်း - ၅၀ သား
စပါးလင် - အနည်းငယ်
ရှမ်းနံနံပင် - ၁ စည်း
အချိုမှုန့် သို့ အသားမှုန့် - အနည်းငယ်
နနွင်းမှုန့် - အနည်းငယ်
ငါးငံပြာရည် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
ကြက်သွန်နီ- ၄လံးု
ကြက်သွန်ဖြူ - အမွှာ ၂၀
ချင်း (ဂျင်း) - လက်တဆစ်
ဆီ - ခွက် တဝက်
ငရုတ်သီးမှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ငါးဘတ်မွှေ ချက်နည်းအတိုင်း ငါးကြင်းကိုသုံးပြီး ချက်ထားပါတယ်ခင်ဗျာ။
ထမင်းပူပူနဲ့ နယ်ပြီးစားလို့ကောင်းသလို မုန့်ဟင်းခါးမုန့်ဖက်လေးနဲ့ နယ်ပြီးသုပ်စားလည်းကောင်းတဲ့ ငါးမွှေကြော်အစပ်လေးပါ။
ပထမဆုံး စပါးလင်ကို ထုထောင်းထားပါ။ ငါးကို ပြုတ်မယ့်အိုးထဲမှာ အချိုမှုန့် ။ နနွင်းမှုန့်။ ငါးငံပြာရည် ၂ ဇွန်း သို့ ၃ ဇွန်း။ ထုထောင်းထားတဲ့ စပါးလင် ၂ ချောင်း ကို ထည့်နယ်ပြီး အခန်းအပူချိန်မှာ မိနစ် ၃၀ လောက်ထားထားပါ။ ပြီးမှ ရေထည့်ပြီး မိနစ် ၂၀ လောက်ကျက်အောင် ပြုတ်ပေးပါ။ (ရေခမ်းအောင် ပြုတ်ရင်တော့ အရသာပိုရှိပါတယ်)
ပြီးရင် ပြုတ်ထားတဲ့ ငါးတွေကို အရိုးနွှင်ပေးပါ။
ငါးပြုတ်ထားတဲ့ရေတွေကို လည်းဟင်းချက်တဲ့နေရာမှာပြန်ပြီးသုံးမှာဖြစ်ပါတယ်။
ဆီသတ်ဖို့အတွက် ကြက်သွန်နီ ၄ လုံး ။ ကြက်သွန်ဖြူ လက်တဆုတ်။ ချင်း(ဂျင်း) လက်တဆစ်နဲ့ စပါးလင် ၁ ချောင်း လိုအပ်ပါတယ်။ အားလုံးကိုထောင်းထား သို့မဟုတ် ညက်နေအောင် ကြိတ်ထားပေးပါ။
ငါးမွှေကြော်မှာ အဓိက ရှမ်းနံနံကို ၁ လက်မ အရွယ်လေးတွေဖြတ်ထားပေးပါ။
ဒါဆို စချက်လို့ရပါပြီ။ ဆီကို ခွက် တဝက်လောက်ထည့်ပြီး ကြိတ်ထားတာတွေကို မွှေးအောင် မီးအေးအေးနဲ့ ဆီသတ်ပေးရမှာဖြစ်ပါတယ်။ တော်တော်လေးမွှေးလာပြီဆိုမှ နနွင်းမှုန့်နဲ့ ငရုတ်သီးအရောင်တင်မှုန့် ၂ ဇွန်း (စားပွဲတင်ဇွန်း) ထည့်မယ်။ အစိမ်းနံ့ကြီးပျောက်သွားမှ နွှင်ထားတဲ့ ငါးတွေထည့်မယ်။ မီးအေးအေးနဲ့ ငါးတွေ အိသွားပြီဆိုရင် ငါးပြုတ်ရည်အနည်းငယ်ထည့်ပေးပါ။ ငါးက ဆီအနည်းငယ်ပြန်လာပြီဆိုမှ အရသာအတွက် ငါးငံပြာရည် အနည်းငယ်ထည့်မယ်။ ပြီးမှ ရှမ်းနံနံပင်ကို အုပ်လိုက်ရင် မွှေးပြီး အရသာရှိတဲ့ ငါးမွှေကြော်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ...