Перейти к содержимому

စစ်တွေအနောက်ခြမ်း စစ်တပ်စခန်း​တွေကိုပါ AA ထိုးစစ်ဆင် | People's Spring

People's Spring

0:00 / 0:00

စစ်တွေအနောက်ခြမ်း စစ်တပ်စခန်း​တွေကိုပါ AA ထိုးစစ်ဆင် | People's Spring

25 441 просмотр · 8 часов назад
People's Spring
703 тыс. подписчиков
25 441 просмотр · 8 часов назад
စစ်တွေအနောက်ခြမ်း စစ်တပ်စခန်း​တွေကိုပါ AA ထိုးစစ်ဆင် အောက်တိုဘာ-၇၊ ၂၀၂၆။ People's Spring အာဏာသိမ်းစစ်တပ်ထိန်းချုပ်ရာ စစ်တွေမြို့ရဲ့ အနောက်ဘက်ခြမ်း ရေချမ်းပြင်၊ ကြွီတဲရွာဝန်းကျင်ရှိ စစ်တပ်စခန်းတွေကိုပါ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်နဲ့ ဒေသခံတွေကပြောပါတယ်။ စစ်တွေမြို့မြောက်ဘက် ပါဒလိတ်တပ်ရင်းအနီး အမြင့်ကျွန်း၊ ကျားမသောက်တပ်ရင်းအနီး တောကန်၊ နာရီကန်၊ ကံ့ကော်ကျွန်းနဲ့ မြို့အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းအနီးတို့ကနေ ထိုးစစ်ဆင်နေတဲ့ AAဟာ မြို့အနောက်ဘက်ခြမ်း ရေချမ်းပြင်ဘက်ကနေပါ စစ်မျက်နှာသစ်ဖွင့် ထိုးစစ်ဆင်လိုက်တာ ဖြစ်ပါတယ်။ ရေချမ်းပြင်ဘက်မှာ တိုက်ပွဲဖြစ်နေတာ နှစ်ရက်ရှိပြီ ကြွီတဲဘက်မှာတော့ ပြောက်ကျားတိုက်ပွဲ​တွေ ရှိတယ်လို့ AA နဲ့ နီးစပ်တဲ့မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲအခြေအနေအသေးစိတ်ကို​​တော့ ပြောလို့မရသေးဘူးလို့ အဲဒီစစ်​ရေးသတင်းရင်းမြစ်က​ ဆိုပါတယ်။ ရေချမ်းပြင်အနီးဝန်းကျင်တပ်စခန်းတွေ တိုက်ခိုက်ခံနေရချိန် စစ်တပ်ဟာ ပါဒလိတ်တပ်ရင်းတွေဆီ ပို့ထားတဲ့ အင်အားတွေနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ရှိ အင်အားတွေကို ထုတ်နုတ်ပြီး ရေချမ်းပြင်ဘက်ဆီ စစ်ကူပို့၊ အင်အားထပ်ဖြည့်နေတယ်လို့ စုံစမ်းသိရပါတယ်။ ရေချမ်းပြင်အနီးဝန်းကျင် တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ စစ်တပ်ရဲ့ ထောက်ပို့တပ်၊ ဆေးတပ်နဲ့ အမြောက်တပ်ရင်းတို့ရှိပါတယ်။ စစ်တွေမြို့နယ်မှာ ရေချမ်းပြင်တဝိုက်အပြင် နာရီကန်၊ တောကန်ဝန်းကျင်၊ ဝါဘိုကျွန်းဝန်းကျင်၊ ကွမ်းတောင်ဝန်း ကျင်၊ ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာနေကာ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့ထဲက ပြည်သူတွေက လေယာဥ်လာရင် ကြောက်နေရပြီး ပြေးစရာလည်း မရှိဘူးလို့ မြို့ပေါ်ရပ်ကွက် ပြည်တော်သာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက အောက်တိုဘာ ၆ရက် ညနေမှာ ပြောပါတယ်။ စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ပြည်နယ်အစပ်က AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကစလို့ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာ တစ်လကျော်ပြီ ဖြစ်ပါတယ်။ တစ်လ​ကျော်လာ​ပေမယ့် AA စခန်းတစ်ခုမျှမသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်း​တွေကို ပြန်သိမ်း​​နေပြီး ခုခံစစ်က​နေ လက်ရှိမှာ ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ==== နွားထိုးကြီးမှာ စစ်တပ်က အမျိုးသမီးငယ်တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့် အောက်တိုဘာ-၇၊ ၂၀၂၆။ People's Spring မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်​ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံ​တွေက​ ပြောပါတယ်။ နွားထိုးကြီးမြို့တွင်းက တပ်မ(၄၄)လက်​အောက်ခံ စစ်​သား​တွေ၊ ပြည်သူ့စစ်ပျူစောထီး​တွေနဲ့ ရဲ​တွေပါဝင်တဲ့ အင်အား၂၀၀ ပါ စစ်ကြောင်းဟာ ထနောင်းပင်လဲကျေးရွာကို အောက်တိုဘာ ၂ ရက်မှာ စတင်ဝင်ရောက်လာခဲ့ပါတယ်။ ​အောက်တိုဘာ ၃ရက်မှာ မြို့တွင်းကို ယာယီပြန်ဆုတ် အင်အားဖြည့်ပြီး ထပ်မံစစ်ကြောင်းထိုးခဲ့တယ်လို့ ​ဒေသခံ​တွေက​​ ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၅ ရက် ည ၇နာရီမှာ မူးရူးပြီး ပတ်ကင်းလှည့်ချိန် ရွာထိပ်အစွန်က တောတိုက်ထဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို တွေ့သွားပြီး အဲဒီအထဲက အိမ်ထောင်သည်အမျိုးသမီး ၁ ဦး၊ အသက် ၁၄နှစ်အရွယ်မိန်းက​လေးငယ် ၁ဦး၊ အသက် ၁၈နှစ်အရွယ်မိန်းက​လေး ၁ ဦး နဲ့အသက်၂၀နှစ်အရွယ် မိန်းက​လေး၂ ဦး စုစုပေါင်း အမျိုးသမီး ၅ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေ့ ညပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ အိမ်​ထောင်ရှိအမျိုးသမီးတစ်ဦးရဲ့ ခင်ပွန်းက ပြန်လိုက်ခေါ်တာကြောင့် အဲဒီအမျိုးသမီးတစ်ဦးကိုသာ ပြန်လွှတ်ပြီး ကျန်မိန်းက​လေးငယ် ၄ ဦးကို ပြန်မလွှတ်ပေးခဲ့ဘူးလို့ ​ဒေသခံ​တွေက​ ပြောပါတယ်။ အသက်မပြည့်​သေးတဲ့က​လေးငယ်တွေအပါအဝင် မိန်းက​လေးငယ် ၄ ဦးကို စစ်အုပ်စုက အုပ်စုဖွဲ့ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့ပြီး မနက်မိုးလင်းချိန်မှ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။ ပြန်လွှတ်ချိန်မှာ အမျိုးသမီးငယ် ၃ဦးသာပါပြီး အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အမျိုးသမီးငယ်တွေ ပြန်လွတ်လာချိန်က သူတို့ရဲ့လည်ပင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေ ပါလာကြပြီး ကျေးလက်ဆေးခန်းက တခြားတနေရာကိုပြန်လွှဲလို့ ဆေးရုံသွားကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ထပ်မံရရှိတဲ့သတင်းအရ အဓမ္မပြုကျင့်ခံရတဲ့ မိန်းက​​လေး​တွေကို စစ်တပ်က နွားထိုးကြီးမြို့​ပေါ်ကို ဖမ်း​ခေါ်သွားတယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။ အ​ခြေအ​နေ အ​သေးစိပ်ကို ထပ်မသိရ​သေးဘဲ လူထု​နွေဦးက သတင်းဆက်လက်​ဖော်ပြနိုင်ဖို့ စုံစမ်း​ ​မေးမြန်း​နေဆဲဖြစ်ပါတယ်။ ထနောင်းပင်လဲရွာဟာ နွားထိုးကြီးမြို့ရဲ့ တောင်ဘက် တမိုင်ခွဲအကွာမှာရှိပြီး နွားထိုးကြီး-‌တောင်သာ လမ်းပိုင်းဖြစ်သလို စစ်တပ်အတွက် နွားထိုးကြီးမြို့ကာဖို့အတွက် အရေးပါတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #စစ်တွေတိုက်ပွဲ #အာရက္ခတပ်တော် #စစ်တွေအနောက်ခြမ်း #ရခိုင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #SittweBattle #ArakanArmy #SittweWest #RakhineConflict #MyanmarConflict #MyanmarNews #နွားထိုးကြီး #အဓမ္မပြုကျင့်မှု #စစ်ရာဇဝတ်မှု #လူ့အခွင့်အရေးချိုးဖောက်မှု #မန္တလေးတိုင်းသတင်း #မြန်မာ့သတင်း #Natogyi #GangRapeByJunta #WarCrimesMyanmar #HumanRightsViolations #MandalayRegion #MyanmarCrisis #MyanmarNews