Перейти к содержимому

မုန်တိုင်းတစ်ခု အိန္ဒိယဘက် ဦးတည်နေချိန် မြန်မာနိုင်ငံမှာ ဘာတွေ သတိပြုရမလဲ

CJ Platform

0:00 / 0:00

မုန်တိုင်းတစ်ခု အိန္ဒိယဘက် ဦးတည်နေချိန် မြန်မာနိုင်ငံမှာ ဘာတွေ သတိပြုရမလဲ

8 561 просмотр · 3 ч назад
CJ Platform
147 тыс. подписчиков
8 561 просмотр · 3 ч назад
မုန်တိုင်းတစ်ခု အိန္ဒိယဘက် ဦးတည်နေချိန် မြန်မာနိုင်ငံမှာ ဘာတွေ သတိပြုရမလဲ ဒီကနေ့ အောက်တိုဘာ ၂၅ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက် CJ Platform ဒီနေ့ အောက်တိုဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့အတွက် မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း အားကောင်းလာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းအမြင့် ၉ ပေအထိ ရှိနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဒေသအချို့မှာ မိုးထစ်ချုန်းရွာနိုင်သလို နေ့အပူချိန်နဲ့ မိုးတိမ်တောင်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ လေပြင်း၊ မိုးကြိုးအန္တရာယ်တွေကိုလည်း သတိပြုဖို့ လိုအပ်ပါတယ်။ ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ မြေပြင်မိုးလေဝသပြမြေပုံအရ ဘင်္ဂလားပင်လယ်အော်မှာ လေထုမတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေသလို တောင်တရုတ်ပင်လယ်ပြင်မှာလည်း ချမ်ပီအမည်ရှိ အပူပိုင်းမုန်တိုင်းတစ်ခု ရှိနေပါတယ်။ ဒီမုန်တိုင်းဟာ ဗဟိုလေဖိအား ၉၈၀ ဟက်တိုပါစကယ်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၆၀ မိုင်ဝန်းကျင်နဲ့ အနောက်ဘက်ကို ရွေ့လျားနေပါတယ်။ #CJPlatform #မိုးလေဝသခန့်မှန်းချက် #ဆိုင်ကလုန်းမုန်တိုင်း #ဘင်္ဂလားပင်လယ်အော် #မြန်မာ့ကမ်းရိုးတန်း