Перейти к содержимому

ဥရောပက စူပါမားကက် ရေခဲသေတ္တာ ဆိုက်ဘာတိုက်ခိုက်မှု - ဘာတွေ ဖြစ်ကုန်တာလဲ #europe #supermarket

Politix Lab

0:00 / 0:00

ဥရောပက စူပါမားကက် ရေခဲသေတ္တာ ဆိုက်ဘာတိုက်ခိုက်မှု - ဘာတွေ ဖြစ်ကုန်တာလဲ #europe #supermarket

4 536 просмотров · 11 ч назад
Politix Lab
28,8 тыс. подписчиков
4 536 просмотров · 11 ч назад
ကျွန်တော်တို့ ဟက်ကာတွေ တိုက်ခိုက်တယ်ဆိုရင် ဘဏ်အကောင့်တွေနဲ့ စစ်ဘက်ဆိုင်ရာ စနစ်တွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဟက်ကာတွေဟာ နေ့စဉ် ဈေးဝယ်နေကြတဲ့ စူပါမားကက်ကြီးတွေထဲက ရေခဲသေတ္တာနဲ့ အအေးခန်းစနစ်တွေကိုပါ အင်တာနက်ကနေတစ်ဆင့် အဝေးထိန်းစနစ်နဲ့ ဝင်ရောက်စီးနင်းပြီး၊ အအေးခန်း အပူချိန်ကို ၅၀ ဒီဂရီ စင်တီဂရိတ်အထိ သတ်မှတ်ပြောင်းလဲပစ်လိုက်တဲ့ အံ့အားသင့်စရာ ဖြစ်ရပ်ကြီးတစ်ခု ဥရောပတစ်ခွင်မှာ ပေါ်ပေါက်နေပါပြီ။ မနက်လင်းလို့ ဆိုင်တံခါးဖွင့်လိုက်တဲ့ အချိန်မှာတော့ အေးခဲနေရမယ့် အသား၊ ငါးနဲ့ နို့ထွက်ပစ္စည်း အမြောက်အမြား ပျက်စီးကုန်လို့ ဈေးဝယ်လှည်းတွေနဲ့အပြည့် အမှိုက်ပုံးထဲ သွန်ပစ်ခဲ့ရသလို... အထူးခြားဆုံး အချက်ကတော့ တိုက်ခိုက်သူတွေဟာ ဘာငွေကြေး တစ်ပြားတစ်ချပ်မှ ပြန်ပေးဆွဲ တောင်းဆိုခြင်းမရှိဘဲ အစားအသောက် ပျက်စီးဆုံးရှုံးအောင် သက်သက် ဝင်ရောက်ဖျက်ဆီးသွားခဲ့တာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ညကနေ ၂ ရက်နေ့ မနက်အစောပိုင်းအတွင်း ဥရောပနိုင်ငံ အများအပြားက စူပါမားကက်တွေမှာ တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့တဲ့ ရေခဲသေတ္တာ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ နောက်ကွယ်က နည်းပညာ အားနည်းချက်တွေကို ဒီနေ့ အစီအစဉ်မှာ တစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်။ မနေ့က ဒေသစံတော်ချိန် တနင်္လာနေ့ မနက်အစောပိုင်း ၂ နာရီနဲ့ ၃ နာရီခွဲ ဝန်းကျင်လောက်မှာ ဥရောပက နာမည်ကြီး စူပါမားကက်တွေနဲ့ အသားဆိုင်တွေရဲ့ အအေးပေးစနစ်တွေ ရုတ်တရက် ရပ်တန့်သွားတာ ဒါမှမဟုတ် အပူချိန်တွေ မြင့်တက်သွားတာကို ဆိုင်ဝန်ထမ်းတွေ စတင်သတိထားမိခဲ့ကြပါတယ်။ AFP ရဲ့ နောက်ဆုံးဖော်ပြချက်အရ ဘယ်လ်ဂျီယံ၊ ဆွီဒင်၊ လူဇင်ဘတ်၊ အိုင်ယာလန်၊ နယ်သာလန်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ အီတလီ နဲ့ ပေါ်တူဂီ ဆိုပြီး အနည်းဆုံး ဥရောပ နိုင်ငံ (၉) နိုင်ငံ က ဆိုင်တွေမှာ အအေးခန်းစနစ် ပြဿနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။