ကိုယ်ဝန်အစောပိုင်း အာထရာဆောင်း အဖြေစာရွက် ကြည့်နည်း | First Trimester Ultrasound | Dr. Noreen
Dr Noreen blog
0:00 / 0:00
ကိုယ်ဝန်အစောပိုင်း အာထရာဆောင်း အဖြေစာရွက် ကြည့်နည်း | First Trimester Ultrasound | Dr. Noreen
12 710 просмотров · 2 г. назад
Dr Noreen blog
6,14 тыс. подписчиков
12 710 просмотров · 2 г. назад
မင်္ဂလာပါ မိခင်လောင်း မေမေတို့ရေ... ကိုယ်ဝန်ရှိစမှာ ပထမဦးဆုံး ရိုက်ရသည့် အာထရာဆောင်း (Early Scan) အဖြေစာရွက်ကို ကြည့်ပြီး "ဆရာဝန်ကတော့ အကုန်ကောင်းတယ် ပြောတာပဲ၊ စာရွက်ထဲမှာ ဘာတွေ ရေးထားတာလဲ" ဆိုပြီး သိချင်နေကြပါသလား။ ဒါ့အပြင် အာထရာဆောင်း ရိုက်ခြင်းက ရင်သွေးလေးကို ထိခိုက်နိုင်သလားဆိုတာလည်း မေမေတို့ သိချင်ကြမှာပါ။
ဒီဗီဒီယိုမှာတော့ ဒေါက်တာနိုရင်းက ကိုယ်ဝန်အစောပိုင်း အာထရာဆောင်းကို မည်သည့်အချိန်တွင် ရိုက်သင့်သလဲ၊ အာထရာဆောင်းမှ ထွက်လာသည့် လှိုင်းများက ကလေးကို ထိခိုက်မှု ရှိ/မရှိနှင့် အဖြေစာရွက်ထဲတွင် ပါရှိသည့် အရေးကြီး အသုံးအနှုန်းများ (သန္ဓေအိတ်၊ သန္ဓေသား အလျား၊ နှလုံးခုန်သံ စသည်) ကို ဘယ်လို ဖတ်ရှုရမလဲဆိုတာ ဗဟုသုတရဖွယ် အသေးစိတ် ရှင်းပြပေးထားပါတယ်။
⏰
ကိုယ်ဝန်အစောပိုင်း အာထရာဆောင်း (Early Scan) ဆိုတာဘာလဲ? ဘယ်အချိန် ရိုက်ရမလဲ?
အာထရာဆောင်း ရိုက်ခြင်းက ကလေးကို ထိခိုက်နိုင်ပါသလား? (Safety Considerations)
အဖြေစာရွက်ထဲက အရေးကြီး သင်္ကေတများနှင့် အသုံးအနှုန်းများ ရှင်းလင်းချက်
သန္ဓေသား နှလုံးခုန်သံနှင့် ကြီးထွားမှုကို အာထရာဆောင်းတွင် စစ်ဆေးပုံ
📌 Dr. Noreen Channel ကို Subscribe လုပ်ထားပါ:
မိခင်နှင့်ကလေး ကျန်းမာရေး၊ ကိုယ်ဝန်ဆောင် အသိပညာပေး ဗီဒီယိုများကို ပုံမှန်ကြည့်ရှုနိုင်ဖို့ Channel ကို Subscribe လုပ်ထားပေးပါဦးနော်။
⚠️ Medical Disclaimer:
ဒီဗီဒီယိုသည် ကျန်းမာရေး အသိပညာပေးရန်သာ ရည်ရွယ်ပြီး ဆရာဝန်၏ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ ရောဂါရှာဖွေမှုနှင့် ကုသမှုကို အအစားထိုးရန် မဟုတ်ပါ။ ကျန်းမာရေးပြဿနာများ သို့မဟုတ် မသင်္ကာသည့် လက္ခဏာများရှိပါက သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပါ။
#ကိုယ်ဝန်အစောပိုင်းအာထရာဆောင်း #EarlyScan #PregnancyUltrasoundMyanmar #drnoreenblog #DrNoreen