ပေါင်းတည် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ဥကရိထ စခန်းကို KNLA က ထိုးစစ်ဆင်...
Htet Aung Kyaw
0:00 / 0:00
ပေါင်းတည် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ဥကရိထ စခန်းကို KNLA က ထိုးစစ်ဆင်...
42 876 просмотров · 1 год назад
Htet Aung Kyaw
212 тыс. подписчиков
42 876 просмотров · 1 год назад
ပေါင်းတည် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ဥကရိထ စခန်းကို KNLA က ထိုးစစ်ဆင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၂ ဇွန် ၂၀၂၅
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့် စခန်းသိမ်း တိုက်ပွဲမှာ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) က ပစ်ချလိုက်တဲ့ စစ်ကောင်စီ တိုက်လေယာဉ်က လေယာဉ်မှူး သေသွားတယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်မှာ ပစ်ချခံရတဲ့ အဲဒီ လေယာဉ်ဟာ ကျေးရွာတခုဆီ ထိုးစိုက် ဆင်းသွားပြီး လေယာဉ်မှူး သေဆုံးတဲ့အပြင် လေယာဉ်နဲ့အတူ မီးလောင်တဲ့ နေအိမ်တွေက ရုပ်အလောင်း ၄ လောင်း တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
ပေါင်းတည်မြို့နယ် ညောင်နီပင် ရွာက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်တပ်ဘက်က ၁၀ ဦးကျော် သေဆုံးပြီး ၆၀ မမ အပါဝင် လက်နက်မျိုးစုံ ၁၀ လက်ကျော် သိမ်းမိ...
ဖယ်ခုံအင်း အရှေ့ခြမ်းမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ ရှမ်းတောင် ဗျူဟာ ၁ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ဦး သေ...
နောင်ချိုမြို့နဲ့ ၇ မိုင်အကွာရှိ ကံကြီး ကျေးရွာကို စစ်ကောင်စီတပ် ပြန်ရောက်လာတဲ့အတွက် TNLA နဲ့ တိုက်ပွဲထပ်ဖြစ်နေ...
တရုတ်-မြန်မာ နယ်စပ်ရှိ ၁၀၅ မိုင် (ကျင်စန်းကျော့) နယ်စပ်ကုန်သွယ်ရေးဂိတ်ကို လာမယ့် ဇူလိုင်က စပြီး အွန်လိုင်းနဲ့ အခွန်စည်းကြပ်မှုဆောင်ရွက်မယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာ...
ဒိုက်ဦး အခြေစိုက် ခမရ ၄၄၀ က စစ်သားသစ် ၂ ဦး MA သေနတ် ၂ လက်နဲ့ အတူ PDF အမှတ် ၂၇ စစ်ဗျူဟာထံ ခိုလှုံလာ...
ပေါက်မြို့နယ် ကပစ ၂၄ က ဒု-တပ်ကြပ် တဦး MA သေနတ် ၂ လက်နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၅ တပ်ရင်းထံ ခိုလှုံလာ...
မြန်မာ−ထိုင်းနယ်စပ်က စစ်ကောင်စီ တပ်ရဲ့ ခြေကုပ်စခန်း ဥကရိထကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီလို့ သတင်းထွက်ပေါ်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
/ burmanewsnetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။