ကျိုက်ထီးရိုးဘုရားက ရွှေနန်းကျင် အဖြစ်ဆိုး မွန်ဘုရင်စကားကို နားမထောင်တဲ့ အမှား Kyaik Htee Yoe Pagoda
MT TV Channel
0:00 / 0:00
ကျိုက်ထီးရိုးဘုရားက ရွှေနန်းကျင် အဖြစ်ဆိုး မွန်ဘုရင်စကားကို နားမထောင်တဲ့ အမှား Kyaik Htee Yoe Pagoda
127 836 просмотров · 1 год назад
MT TV Channel
195 тыс. подписчиков
127 836 просмотров · 1 год назад
ကျိုက်ထီးရိုးဘုရားက ရွှေနန်းကျင် အဖြစ်ဆိုး မွန်ဘုရင်စကားကို နားမထောင်တဲ့ အမှား Kyaik Htee Yoe Pagoda
ကိုယ်ဝန်ဆောင် သထုံမိဖုရားက ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို အပြေးအလွှား ဦးချပီး
အရှင်ဘုရား အကယ်၍ ဘုရားတပည့်တော်မသာ အမောစို့ပီး အသက်ထွက်သွားခဲ့ပါလျှင် ဘုရားတပည့်တော်မရဲ့ အလောင်းခန္ဓာသည် အခြားနေရာသို့ ရွှေ့ မရပဲ ဤနေရာ၌သာ ကျောက်ရုပ်အဖြစ် ပြောင်းလဲပီး နောင်တစ်ချိန် အရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူမှသာ လူ့ဘဝပြန်လည်ရရှိပါစေသား....... အရှင်ဘုရား
အခုလို သူမရဲ့ အဓိဌာန်ကြောင့် အဲဒီကျောက်ရုပ်ကို မေတ္တာပို့အမျှဝေပေးပီး ထိတွေ့ကိုင်တွယ် ဆုတောင်းကြတဲ့ သူတွေဟာ ကိုယ်တွင်းအနာရောဂါများ ပပျောက်နိုင်တယ်ဆိုပီး ယနေ့အချိန်အထိ နာမည်ကြီးတဲ့ ကရင်မိန်းမလှလေး ရဲ့ ကျောက်ရုပ်ထု
သထုံဘုရင်ရဲ့ မိဖုရားက ကျိုက်ထီးရိုးဘုရားအနီးမှာ နတ်ကျားတိုက်လို့ ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ရတဲ့သူ ကတော့ ဝိဇ္ဇာဓိုရ် နဲ့ နဂါးမတို့ ပေါင်းဖက်ပီး မွေးဖွားလာခဲ့တဲ့ ကျိုက်ထီးရိုးဘုရားက ရွှေနန်းကျင်ပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ကျိုက်ထီးရိုးဘုရားဟာ မြန်မာပြည်ရဲ့ အစည်ကားဆုံး ဘုရားဖြစ်သလို လာရောက်ဖူးမြှော်ကြတဲ့ ဘုရားဖူးတိုင်းလဲ ကရင်တိုင်းရင်းသားဝတ်စုံနဲ့ ရွှေနန်းကျင်တို့ မိသားစုရဲ့ ဝမ်းနည်းကြေကွဲစရာ ကျောက်ရုပ်ထုမြင်ကွင်းကိုလဲ မြင်တွေ့ကြမှာပါ။
ဒါပေမယ့် ရွှေနန်းကျင်ဆိုတဲ့ ကရင်မလေးက ဘယ်သူဘယ်ဝါဖြစ်ပြီး ဘာကြောင့်ကျောက်ရုပ် ဖြစ်သွားရသလဲ ဆိုတဲ့ သူမရဲ့ နောက်ခံဘဝအကြောင်းကိုတော့ သိတဲ့လူ နည်းလှပါတယ်။
ဟုတ်ကဲ့ပါ ဒီနေ့ည ဗီဒီယိုမှာတော့ ကျွန်တော့်ရဲ့ချန်နယ်မှာ တောင်းဆိုမှုအများဆုံးဖြစ်ခဲ့တဲ့ ကျိုက်ထီးရိုးဘုရားက ရွှေနန်းကျင်ဘဝအကြောင်းနဲ့ သူမဟာ သုဝဏ္ဏဘူမိတိုင်း မွန်ဘုရင်ရဲ့ မိဖုရားဖြစ်နေတာတောင် နတ်တို့ရဲ့ ပြုစားမှုနဲ့ ကျောက်ရုပ် ဖြစ်သွားရတဲ့ ကရင်မိန်းမလှလေး ရွှေနန်းကျင်ရဲ့ သမိုင်းကြောင်းကို တစ်ချိန်က မော်လမြိုင် စာကြည့်တိုက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်တော်ရဲ့ဖိုးလေး ဦးသန်းချိုမှ ကျွန်တော့်အတွက် လက်ဆောင်ပေးလာတဲ့ သမိုင်းစာအုပ်ပေါင်းများစွာထဲက မွန်ရာဇဝင်နဲ့ စေတီတော်သမိုင်းပေါင်းချုပ် သမိုင်းစာအုပ်ထဲကအတိုင်း ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားဖွယ် အပြည့်အစုံ ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။