ပြည်သူ့လုံခြုံရေး သင်တန်းပေးထားတဲ့ သက်ကြီးပိုင်းတွေကို စတင်အသုံးပြု (ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
ပြည်သူ့လုံခြုံရေး သင်တန်းပေးထားတဲ့ သက်ကြီးပိုင်းတွေကို စတင်အသုံးပြု (ရုပ်/သံ)
23 347 просмотров · 1 г. назад
The Irrawaddy News
1,65 млн подписчиков
23 347 просмотров · 1 г. назад
ဧရာဝတီ၊ ဒီဇင်ဘာ ၆၊ ၂၀၂၄ပြည်သူ့လုံခြုံရေး သင်တန်းပေးထားတဲ့ စစ်မှုထမ်းဟောင်းတွေ၊ ရဲဘက်နဲ့ အရပ်ဘက်က သက်ကြီးပိုင်းတွေကို စစ်ကောင်စီက အရပ်ဘက် လုံခြုံရေးအဖွဲ့တွေမှာ စတင် အသုံးပြုလာသလို ရှေ့တန်း နဲ့ နောက်တန်း စစ်မြေပြင်တွေမှာ တပ်သားသစ်တွေကို ကြီးကြပ်တဲ့နေရာတွေမှာ အသုံးပြုမှုတွေ ရှိနေတယ်လို့ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေရဲ့ မိသားစုတွေနဲ့ ရဲဖက် လုံခြုံရေး သတင်းအရင်းအမြစ်တွေက ဧရာဝတီကို ပြောပြကြပါတယ်။အသက် ၃၅ နှစ်အထက် သက်ကြီးပိုင်း အမျိုးသားတွေနဲ့ ပြည်သူ့ လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းမယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်က စစ်ကောင်စီ ထုတ်ပြန်ပြီးတဲ့နောက်မှာ အခုလို တပ်သား အင်အား စုဆောင်းပြီး သင်တန်း ပေးပို့တာတွေ စတင်ခဲ့တာလို့ ဆိုပါတယ်။ပြည်သူ့လုံခြုံရေးတပ်သားတွေအဖြစ် စုဆောင်းခံထားရသူတွေထဲက အများစုဟာ လက်ရှိမှာတော့ သူတို့မိသားစုတွေဆီ ပြန်လာခွင့်မရှိသေးဘဲ သူတို့ကို တာဝန်ကျရာနေရာတွေမှာပဲ နေထိုင်နေရတယ်လို့ ဆိုပါတယ်။ သူတို့တွေကို လှည့်ကင်းတွေ သွားရတဲ့ အချိန်တွေနဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်ချိန်မှာတော့ လက်နက်ကိုင်ဆောင်ခွင့်ပေးထားတယ်လို့လည်း သိရပါတယ်။#မြန်မာ #ဧရာဝတီ #ပြည်သူ့လုံခြုံရေး #ပြည်သူ့စစ်မှုထမ်းဥပဒေ #စစ်မှုထမ်းဟောင်း #ရဲဘက်