Перейти к содержимому

DEMU Spain 🇪🇸 အမြန်ရထား မော်လမြိုင်ဘူတာ ရောက်ရှိပြီ 🎉 (Myanmar Railway) 🇲🇲🚊

Mr. Zaw Vlog ⭐

0:00 / 0:00

DEMU Spain 🇪🇸 အမြန်ရထား မော်လမြိုင်ဘူတာ ရောက်ရှိပြီ 🎉 (Myanmar Railway) 🇲🇲🚊

19 462 просмотра · 4 мес. назад
Mr. Zaw Vlog ⭐
6,17 тыс. подписчиков
19 462 просмотра · 4 мес. назад
■ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်တွင် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲမည် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်တွင် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲမည်ဖြစ်ကြောင််း သိရသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်- နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်နှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်များအား လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးသည် စီးနင်းမှုများသောကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း အမှတ် (၈၃) အဆန် ရန်ကုန်-မော်လမြိုင်ခရီးစဉ်နှင့် အမှတ် (၈၄) အစုန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ အသုံးပြု၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အထက်ပါစတင်ပြေးဆွဲမည့် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်းနှစ်တွဲ၊ ပထမတန်း လေးတွဲပါရှိပြီး အထက်တန်းတွင် ၇၂ ဦးနှင့် ပထမတန်းတွင် ၂၄၀ စုစုပေါင်း ၃၁၂ ဦး စီးနင်းလိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစအဆုံး အထက်တန်းအတွက် ကျပ် ၂၂၀၀၀ နှင့် ပထမတန်းအတွက် ကျပ် ၁၆၀၀၀ တို့ဖြစ်ကြောင်း သိရသည်။ စာနဲ့ Video Crd ပေးပါတယ်။ ✅ #mrzawvlog #myanmartravel #railway #train #asiantravel #thailand #video #views #travel #website