Перейти к содержимому

သမိုင်းဝင်မာနယ်ပလောစခန်းကို နှစ်ပေါင်း ၃၀ နီးပါးအကြာတွင် KNU ကပြန်လည်သိမ်းပိုက်နိုင်

MPATV

0:00 / 0:00

သမိုင်းဝင်မာနယ်ပလောစခန်းကို နှစ်ပေါင်း ၃၀ နီးပါးအကြာတွင် KNU ကပြန်လည်သိမ်းပိုက်နိုင်

35 196 просмотров · 1 год назад
MPATV
398 тыс. подписчиков
35 196 просмотров · 1 год назад
18 Dec 2024 By Htet Soe Lin / MPA တော်လှန်ရေးတပ်များမွေးထုတ်ပေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ သမိုင်းဝင်မာနယ်ပလောစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ပေါင်း ၃၀ နီးပါးအကြာတွင် ပြန်လည်သိမ်းပိုက်နိုင်ခြင်းမှာ နွေဦးတော်လှန်ရေး၏ကြီးမားသည့်အောင်ပွဲတစ်ခုဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။ KNLA တပ်မဟာ (၇) ကွန်မန်ဒိုတပ်ခွဲ၊ KNDO တပ်ခွဲ၊ တပ်ရင်း (၂၂) ၊ တပ်မဟာ (၅) ကွန်မန်ဒိုတပ်ခွဲ၊ ABSDF၊ FFD ဒရုန်းတပ်ဖွဲ့၊ ၊ တပ်မဟာ (၇) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ တို့ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ မာနယ်ပလောဒေသရှိ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။