Перейти к содержимому

တိရစ္ဆာန်တို့ရွာ (သို့မဟုတ်) မေတ္တာလွှမ်းတဲ့ ဘေးမဲ့ဂေဟာ

NewsWatch Myanmar

0:00 / 0:00

တိရစ္ဆာန်တို့ရွာ (သို့မဟုတ်) မေတ္တာလွှမ်းတဲ့ ဘေးမဲ့ဂေဟာ

1 271 335 просмотров · 2 года назад
NewsWatch Myanmar
352 тыс. подписчиков
1 271 335 просмотров · 2 года назад
တိရစ္ဆာန်လေးတွေအတွက် သီးသန့်ရည်ရွယ်ပြီး အကျယ်အဝန်း ဧရိယာ ၇ ဧကကျော်လောက်ရှိတဲ့ နေရာကြီးတခုကို ထားရှိပေးထားတယ်ဆိုရင် သင် အံ့သြသွားပါသလား။ အေးချမ်းမေတ္တာ တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာလို့အမည်ရတဲ့ တိရစ္ဆာန်ရွာကြီးတခု ရန်ကုန်တိုင်း ကွမ်းခြံကုန်မြို့နယ်ထဲမှာရှိနေတာပါ။ "တိရစ္ဆာန်လေးတွေကို စတင်ပြီး လက်ခံပြီးစောင့်ရှောက်ဖြစ်တာကတော့ ဒီလိုပဲ ကိုဗစ်ကာလတလျောက်နဲ့ ဒီနောက်ပိုင်း အမျိုးမျိုးအခက်အခဲဖြစ်လာတဲ့ တိရစ္ဆာန်လေးတွေ နေစရာမရှိ ထားစရာမရှိတဲ့အခြေအနေမျိုး၊ အထူးသဖြင့် ခွေးတွေ၊ ကြောင်တွေ။ လေလွင့်ခွေးတွေပေါ့။ သူတို့လည်း မသေရအောင် ခေါ်ယူစောင့်ရှောက်ထားမယ်။ တာဝန်အရ သတ်ရမယ့်လူတွေလည်း အကုသိုလ်မဖြစ်ရအောင် ခေါ်ယူစောင့်ရှောက်တာကနေ တဖြေးဖြေးများလာတာကနေ ဂေဟာသဘောမျိုးဖြစ်လာတာ" ဟု အေးချမ်းမေတ္တာ တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာ တည်ထောင်သူ မေတ္တာဝါဒီကျောင်းတိုက်ဆရာတော် အရှင်တေဇနိယက မိန့်ကြားသည်။ ဆရာတော့်ကျောင်းတိုက်တည်ရှိရာ မေတ္တာရွာဆိုတာ ၂၀၀၈ နာဂစ်မုန်တိုင်းကြီးတိုက်ခတ်ပြီးနောက် ကွမ်းခြံကုန်းမြို့နယ်အတွင်းမှ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်သူတွေအတွက် နိုင်ငံခြားသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးကဦးဆောင်ပြီး ပြည်ပမှစေတနာရှင်များရဲ့စုပေါင်းထည့်ဝင်ငွေနဲ့ တည်ပေးခဲ့တဲ့ရွာလို့ သိရပါတယ်။ လက်ရှိမှာတော့ ဆရာတော်ရဲ့ ဂေဟာမှာ ခွေး၊ ကြောင်၊ ကြက်၊ ဘဲ၊ ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ မျောက် စတဲ့ တိရစ္ဆာန်တွေသာမက ဒေါင်း၊ တောင်ကြောင်၊ တောဝက်၊ ဠင်းတ စတဲ့ တိရိစ္ဆာန်တွေကိုလည်း ပြုစုစောင့်ရှောက်ထားပါတယ်။ တိရစ္ဆာန်တွေအတွက် စားရေးသောက်ရေး ဝေယျဝစ္စဆောင်ရွက်ပေးသူ ၁၀ ဦးဝန်းကျင်နဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။