Перейти к содержимому

ကသာ- မော်လူးလမ်းဘက်တိုက်ပွဲပြင်းထန်လာ၍ လမ်းပိုင်းအသုံးမပြုရန် တော်လှန်ရေးအဖွဲ့များ သတိပေး

Ayeyarwaddy Times

0:00 / 0:00

ကသာ- မော်လူးလမ်းဘက်တိုက်ပွဲပြင်းထန်လာ၍ လမ်းပိုင်းအသုံးမပြုရန် တော်လှန်ရေးအဖွဲ့များ သတိပေး

3 489 просмотров · 13 ч назад
Ayeyarwaddy Times
208 тыс. подписчиков
3 489 просмотров · 13 ч назад
ကသာ- မော်လူးလမ်းဘက်တိုက်ပွဲပြင်းထန်လာ၍ လမ်းပိုင်းအသုံးမပြုရန် တော်လှန်ရေးအဖွဲ့များ သတိပေး ‎ ‎ဧရာဝတီတိုင်းမ် ‎နိုဝင်ဘာ ၅ရက် ‎စစ်ကိုင်းတိုင်း၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၏ စစ်ရေးလှုပ်ရှားနယ်မြေများအတွင်း စစ်တပ်၏ စစ်ယာဉ်တန်းများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်၍ ခရီးသွားပြည်သူများ လမ်းပိုင်းသွားလာခြင်းမပြုရန် သတိပေးတားမြစ်ချက် ထုတ်ပြန်လာသည်။ ‎ကသာခရိုင် အမှတ် (၁) တပ်ရင်း၏ စစ်ရေးလှုပ်ရှားရာနယ်မြေများဖြစ်သော ကသာ - ထီးချိုင့် (အမှတ် ၃ ကားလမ်း) နှင့် ကသာ - မော်လူး ကားလမ်းတို့တွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသဖြင့် ခရီးသွားပြည်သူများ သွားလာအသုံးပြုရန် လုံးဝမသင့်တော်သည့် အခြေအနေဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၅ရက်တွင် အသိပေးထားသည်။ ‎​ကသာခရိုင် အမှတ် (၁) တပ်ရင်းအနေဖြင့် စစ်တပ်၏ ယာဉ်တန်းများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ရာ ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ၎င်းစစ်ယာဉ်တန်းများနှင့် ကပ်လိုက်ပါခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်းများ လုံးဝမပြုလုပ်ကြရန် အထူးသတိပေး မေတ္တာရပ်ခံထားသည်။ ‎​အဆိုပါ သတိပေးထုတ်ပြန်ချက်သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှစ၍ အကျုံးဝင်ပြီး ဖြတ်သန်းသွားလာခြင်း ပြုလုပ်ပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို မိမိကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ကြောင်း၊ အမှတ် (၁) တပ်ရင်းမှ လုံးဝတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ဘဲ သွားလာခွင့်ပြုမှသာ သွားလာကြရန် သတိပေးထားသည်။ ‎ထို့ပြင် ယခုထုတ်ပြန်ချက်သည် မိဘပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ‎#စစ်ကိုင်း #ကသာ #မော်လူး #တိုက်ပွဲဖြစ် #လမ်းအသုံးမပြုရန် #ကသာတပ်ရင်း #ထုတ်ပြန် #Ayeyarwaddy_Times