ခေတ်ရှေ့ပြေး ဒီဇိုင်းတွေနဲ့ အမိုက်စား မိတ်ဆက်လာတဲ့ SKYWORTH K EV
Myanmar Celebrity
0:00 / 0:00
ခေတ်ရှေ့ပြေး ဒီဇိုင်းတွေနဲ့ အမိုက်စား မိတ်ဆက်လာတဲ့ SKYWORTH K EV
5 742 просмотра · 1 г. назад
Myanmar Celebrity
4,15 млн подписчиков
5 742 просмотра · 1 г. назад
ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းတွေနဲ့ တီထွင်ထုတ်လုပ်ထားတဲ့ SKYWORTH K Series ထဲက 620 Max နဲ့ 520 Air EV Car မိတ်ဆက်ပွဲ အခမ်းအနားကို မေလ (၁၄) ရက်နေ့က ရန်ကုန်၊ မြန်မာပလာဇာမှာ ခမ်းနားစွာ ကျင်းပ ခဲ့ပါတယ်။ အဆိုတော် ဆုလှိုင် နှင့် Social Influencer များ တက်ရောက် ချီးမြှင့်ခဲ့ကြသည်။
SKYWORTH Group ကို (၁၉၈၈) ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး၊ တရုတ်နိုင်ငံ ရဲ့ ထိပ်တန်းနည်းပညာ လျှပ်စစ်ပစ္စည်း အမှတ်တံဆိပ် (၄) ခုထဲက တစ်ခုအဖြစ် ရပ်တည်နိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ SKYWORTH K မှာ ပါဝင်တဲ့ SkyPilot 3.0 စနစ်က အလိုအလျောက်မောင်းနှင်မှု၊ အဆင့်မြင့် လုံခြုံမှု၊ ဘတ်ထရီ ကြာရှည် အသုံးခံမှုတွေကို ပေးစွမ်းနိုင်မှာဖြစ်တဲ့ အပြင် အခြားသော SKYWORTH စက်ပစ္စည်းတွေနဲ့လည်း လွယ်ကူ လျင်မြန်စွာ ချိတ်ဆက် အသုံးပြုနိုင်အောင် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
SKYWORTH K Series EV ကားများကို ဘက်ထရီ အာမခံအနေ နဲ့ (၈) နှစ် / ကီလို တစ်သိန်းငါးသောင်း ပေးထားပါတယ်။ မြန်မာပြည် နဲ့ အထူးကိုက်ညီမှု ရှိပြီး မြန်မာပြည်တွင်းက EV ကား အသုံးပြုသူများ အကြိုက် AI Driving, AI Charging System စတဲ့ Premium Function တွေနဲ့ ထုတ်လုပ်ထားတဲ့ SKYWORTH EV ကားများကို MMM PLUS AUTO Company Limited က မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ ဖြန့်ချိရောင်းချ ပေးသွားမယ်လို့ သိရပါတယ်။
#MyanmarCelebrity #SKYWORTH #SKYWORTHK #SKYWORTHEVMyanmar #SKYWORTHKSeries #K620MaxEV #520AirEV #EVCarMyanmar #ဆုလှိုင် #SuHlaing #MyanmarCelebrityPromo #SkyWorthKEV