AA ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က ဘာကြောင့် ဗုံးဆက်တိုက်ကြဲနေလဲ (ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
AA ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က ဘာကြောင့် ဗုံးဆက်တိုက်ကြဲနေလဲ (ရုပ်/သံ)
85 194 просмотра · 5 месяцев назад
The Irrawaddy News
1,63 млн подписчиков
85 194 просмотра · 5 месяцев назад
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အာဏာသိမ်းစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ရေဖြူကန်နဲ့ ငှက်ကြီးကျွန်းကျေးရွာတွေအပြင် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင် ကျေးရွာက ဘုန်းကြီးကျောင်းကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး အနည်းဆုံး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီအပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှုဆောင်ကျဉ်းနိုင်ရေးနဲ့ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ရေးအတွက် လက်ကျန်အဆုံးသတ်တိုက်ပွဲကို အခု ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်မကုန်ခင်မှာ လက်စသိမ်းအောင်ပွဲခံနိုင် အောင် အပြတ်သားဆုံးတိုက်ပွဲဝင်သွားကြဖို့ AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တပ်တော်နေ့ သဝဏ်လွှာမှာ ထည့်ပြောထားပါတယ်။
#မြန်မာ #ဧရာဝတီ #ဗုံးကြဲ #AA #What'sHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ Link လေးကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ / @theirrawaddy_news
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation