ရခိုင်မုန့်တီအရည်နဲ့အသုပ်
Ketchup with Emily (အမ်မလီ)
0:00 / 0:00
ရခိုင်မုန့်တီအရည်နဲ့အသုပ်
2 155 просмотров · 1 г. назад
Ketchup with Emily (အမ်မလီ)
4,98 тыс. подписчиков
2 155 просмотров · 1 г. назад
ရခိုင်မုန့်တီအရည်နဲ့အသုပ်လေး လုပ်စားရအောင်နော် အရင်တစ်ခါလဲ လုပ်နည်းလေးတင်ပေးဖူးပါတယ်ရှင်
အခုတစ်ခါကတော့ ငါးကိုအကောင်လိုက်မဟုတ်ဘဲ အသားလွှာထားတဲ့ ကတ်ကတစ် (Sea Bass) လေးကို ၂ ကောင်သုံးထားပါတယ်ရှင် အသားလွှာပြီးသားဆိုတော့ ချက်ရတာလဲပိုလွယ်ပြီးမြန်ပါတယ်
ငရုတ်သီးအနှစ်လေးကိုလဲ အရင်တစ်ခါလို ငါးတစ်မျိုးထဲမဟုတ်ဘဲ ပုစွန်လေးပါထည့်ထားပါတယ် ရခိုင်လူမျိုးအကိုတစ်ယောက် ငရုတ်သီးအနှစ်ကို ပုစွန်နဲ့ချက်ထားတွေ့လိုက်လို့ အရင်ချက်နေကြလို ငါးတစ်မျိုးထဲမဟုတ်ဘဲ ပုစွန်နဲ့ငါးအရောလေးချက်ကြည့်ဖြစ်တာပါ အဲ့လိုလေးကို ပိုကြိုက်သွားပြီး အခုနောက်ပိုင်း ငရုတ်သီးအနှစ်ချက်ထဲ ပုစွန်အမြဲထည့်ဖြစ်ပါတယ် ငရုတ်သီးအနှစ်လေးက တော်တော်ကောင်းတာပါ အနံ့ရတာနဲ့ စားချင်မှာ ထမင်းနဲ့လဲအရမ်းလိုက်ပါတယ်
Recipe Credit ပေးပါတယ်နော် အဲ့အကိုရဲ့ဗီဒီယိုလင့်ခ်ကို ကွန်းမန့်မှာကြည့်ပါနော်
မုန့်တီဟင်းရည်ကတော့ အရင်တစ်ခါ Em ချက်နေကြနည်းပါပဲရှင် လုပ်စားကြည့်ပါဦးနော်
ပါဝင်ပစ္စည်းတွေကတော့ -
ကတ်ကတစ်ငါး - အသေး ၂ ကောင်
ပုစွန် - ၈ ကောင်
ကြက်သွန်ဖြူ - ၂ ဥ (ဟင်းရည်အတွက် ၁ ဥခွဲ, ကျန်တစ်ဝက်က ငရုတ်သီးအနှစ်အတွက်ပါ)
ကြက်သွန်နီ - အကြီး ၁ လုံး
ငရုတ်သီးစိမ်း - ၁၅ တောင့်ဝန်းကျင်
ငရုတ်ကောင်း - များများလေးထည့်ပါရှင်
ရေ - ၂ လီတာ
နံနံပင်
ဆား
အချိုမှုန့်
ချစ်တဲ့
အမ်မလီ