Перейти к содержимому

စာနာတတ်သူမို့ • ကိုမှိုး (1990)

Garfield fm Radio

0:00 / 0:00

စာနာတတ်သူမို့ • ကိုမှိုး (1990)

18 260 просмотров · 2 г. назад
Garfield fm Radio
35,3 тыс. подписчиков
18 260 просмотров · 2 г. назад
ကျွန်တော်ဖွင့်ပြမယ်ပြောခဲ့တဲ့ ဆရာဝန်အဆိုတော် ကိုမှိုး ရဲ့သီချင်းဆိုတာဒီသီချင်းပါခင်ဗျ။ သူ့သီဆိုခဲ့တဲ့ မကြင်နာသူသို့ ဆိုတဲ့ သီချင်းက BL ဝထ္တုတစ်ပုဒ်ဖြစ်တဲ့ မြကျွန်းညိုရဲ့လိပ်ပြာဝှက်တမ်း စာအုပ်မှာ လွန်း က မဂ္ဂ ကို ဆိုပြခဲ့တဲ့သီချင်းပါ။ အဆိုပါစာအုပ်ဖတ်သူပရိတ်သတ်များအကြား မကြင်နာသူသို့သီချင်းဟာ ရေပန်းစားပြီး ကျတော့် YT Channel မှာ လူကြည့်အများဆုံးနဲ့ Comment အရေအတွက်အများဆုံးသီချင်းဖြစ်နေပါတယ်။ သူ့ရဲ့ပထမဆုံး အယ်လ်ဘမ်ထဲက စာနာတက်သူမို့ ဆိုတဲ့သီချင်းကိုဖွင့်ပြလိုက်ပါတယ်ခင်ဗျာ။ တေးရေးသူ ဖိုးခွား ကိုယ်တိုင် ပြန်လည်သီဆိုထားခဲ့ပါတယ်။ အမျိုးသမီးအဆိုရှင်ထဲမှာတော့ မီမီဝင်းဖေရဲ့ ဂရုဏာသံလေးနဲ့ အလွန်လိုက်ဖက်တဲ့သီချင်းပေါ့ဗျာ။ ဪ ဘော်ဒါတို့ရဲ့အချစ်တော် စိုးလွင်လွင်လည်း ပြန်ဆိုခဲ့ပါသေးတယ်။ နားဆင်ကြပါကုန် မောင်ညို #စာနာတတ်သူမို့ #ကိုမှိုး တေးရေး #ဖိုးခွား #စက္ကူစွန်(1990) Band Nightingale Studio Tony(Linn) Lyrics ; နွေးထွေးတဲ့ အပြုံးကလေးများနဲ့ ရင်ထဲက သောကများဝေးလွင့်သွားအောင်ဖယ်ရှားပေးတဲ့ နူးညံ့တဲ့မင်းကလေး အပြုံးကိုရွှေချသိမ်းထားချင်မိတယ် ကြမ်းတမ်းတဲ့ကိုယ့်ရဲ့လက်ကိုအတူတွဲလို့ ခြောက်သွေ့တဲ့ကိုယ့်ဘဝထဲကိုဝင်လာရဲတဲ့ အကြင်နာတွေအတွက်ကျေးဇူးပါပဲကွယ် အေးချမ်းတဲ့အားပေးစကားတွေရင်ထဲအရောက် နှလုံးသားထဲစီးဆင်းသွားအောင်ချိုလွန်းလို့ကွယ် ပြောတတ်တဲ့နှုတ်ခမ်းပါးလေးကိုရွှေချသိမ်းထားချင်မိတယ် အခက်အခဲနဲ့အတားအဆီးများကိုကျော်ဖြတ်ဖို့ စွမ်းအားတို့ဖြည့်လို့ပေးတဲ့အချစ်ဆုံးလေး စေတနာတွေအတွက်ကျေးဇူးပါပဲကွယ် ကျေးဇူးပဲအချစ်ရယ်ကျေးဇူးပဲ မင်းလေးမင်းလေးရဲ့မေတ္တာတွေ တို့ရင်ထဲမှာ အေးလိုက်နွေးလိုက်နဲ့ အချစ်ကလေးရယ်ဆွေးရအောင်တော့ ဝေးဖို့မစဉ်းစားပါနဲ့ကွယ် အမြဲတမ်းပဲမင်းရဲ့အနားမှာအရိပ်ကလေးအဖြစ် စောင့်ရှောက်ခွင့်ပြုတော့အချစ်ရယ်တသက်လုံးပေါ့ ကိုယ့်ဘဝနဲ့ကိုယ့်ရဲ့အချစ်ကိုသိပ်ပြီးသိတတ်သူမို့ တို့ရဲ့နှလုံးသားထဲကလမင်းလေးလို အလင်းတန်းများပေးလို့ကိုယ့်ကိုစာနာလွန်းတဲ့ ကြင်နာသူရယ်ကျေးဇူးပါပဲကွယ် ကိုမှိုး စက္ကူစွန် 1990 သောကဖြေဆေး 1996 ဂျော်နီ ကိုယ့်နတ်သမီးကောင်မလေး မမရတနာနှင့်အကောင်းဆုံးသီချင်းများ 1995 မီမီဝင်းဖေ ရင်ထဲကလှိုင်းခတ်သံ 1994 အကောင်းဆုံးတေးများ 2001 ဖိုးခွား နှစ်ပေါင်းသုံးဆယ် 1997 စိုးလွင်လွင် တို့အချစ်ဆုံးသူ 1996 တူတူး ကမ္ဘာကမ္ဘာအဝေး (OST) ဒါရိုက်တာကြီးမြင့် လွင်မိုး၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး ခေမီကို ချစ်ခြင်းဖွဲ့သံစဉ်တေးများ 2004 အောင်နိုင် အလင်္ကာရွှေသံစဉ်(တစ်) 2005 ထွဋ်ခေါင်ဦး အောင်နိုင် ကိုယ်ပိုင်သံစဉ် (၂၅)နှစ်မြောက် 2007 သားထွဋ် မင်္ဂလာနံနက်ခင်း 2015 စိုးထက် တစ်သက်၊ တစ်ယောက်၊ တစ်ချစ် 2016 DISCLAIMER: No copyright infringement intended. I do not own the audio in this video. They belong to their rightful owners.