Перейти к содержимому

အီလွန်မတ်စ်ခ်ကို ဉာဏ်ကြီးရှင်လို့ ပူတင်ချီးကျူး | People's Spring

People's Spring

0:00 / 0:00

အီလွန်မတ်စ်ခ်ကို ဉာဏ်ကြီးရှင်လို့ ပူတင်ချီးကျူး | People's Spring

9 537 просмотров · 20 ч назад
People's Spring
708 тыс. подписчиков
9 537 просмотров · 20 ч назад
အီလွန်မတ်စ်ခ်ကို ဉာဏ်ကြီးရှင်လို့ ပူတင်ချီးကျူး အောက်တိုဘာ-၂၉၊ ၂၀၂၆။ People’s Spring ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်ကို ဉာဏ်ကြီးရှင် တစ်ယောက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ချီးကျူးလိုက်ပါတယ်။ မတ်စ်ခ်က အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားတဲ့ SpaceX ကုမ္ပဏီဟာ ရုရှားနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ယူကရိန်းအတွက် စစ်သုံးအဆင့် Starlink အင်တာနက် ကွန်ရက်တွေကို ထောက်ပံ့ပေးထားပါတယ်။ Starshieldလို့ ခေါ်တဲ့ အဲဒီ စစ်သုံး Starlink မူကွဲဟာ ရုရှားကို တိုက်ခိုက်တဲ့၊ ရုရှားဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားတဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေးတွေမှာ မရှိမဖြစ် အသက်သွေးကြော အနေနဲ့ ပါဝင် ပတ်သက်နေပါတယ်။ ရုရှားဟာ စစ်လက်နက်ပိုင်း၊ စစ်အင်အားပိုင်းမှာ ယူကရိန်းအပေါ် အသာစီး ရထားပေမယ့် အဲဒီ မြန်နှုန်းမြင့် Starshield အင်တာနက် ကွန်ရက်ကို ယှဉ်ပြိုင်ဖို့တော့ တောက်လျှောက် ရုန်းကန်ခဲ့ရပါတယ်။ အခုတော့ ရုရှားဟာ Starshieldလိုပဲ ဂြိုဟ်တု အခြေပြု အင်တာနက် ကွန်ရက် လွှမ်းခြုံတဲ့ စနစ်ကို တည်ဆောက်ဖို့ အာကာသထဲကို ဂြိုဟ်တု အလုံးပေါင်း ၃၀ ကျော် လွှတ်တင်ထားပြီးပြီလို့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ရုရှားရဲ့ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးရေး ဝန်ကြီး မက်ခ်ဆွတ် ရှက်ဒါယက်ဗ်က ပူတင်ဆီ အစီရင်ခံခဲ့ပါတယ်။ အဲဒီအခါ ပူတင်က ဒါဟာ ရုရှားရဲ့ ကနဦး ခြေလှမ်းအဆင့်သာ ရှိသေးကြောင်း၊ မတ်စ်ခ်ကတော့ ဉာဏ်ကြီးရှင်၊ တကယ့် အကြီးစား ဉာဏ်ကြီးရှင်ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပူတင်က Starlink အနေနဲ့ ကမ္ဘာအနှံ့မှာ အားကောင်းတဲ့ အင်တာနက် ကွန်ရက် လွှမ်းခြုံထားဖို့ ဂြိုဟ်တု ဘယ်နှလုံး လွှတ်ထားသလဲလို့ မေးခဲ့တဲ့အခါ ရှက်ဒါယက်ဗ်က ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းမှာ အရေအတွက် ၅၀၀၀ ကျော်ရှိကြောင်း ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ Starlinkဟာ ဂြိုဟ်တု ၁၀၀၀၀ နီးပါးထိ လွှတ်တင်ထားတာ ဖြစ်ပါတယ်။ ကိုးကား: Reuters ===== စပိန်မှာ ရထားနှစ်စီးတိုက်ပြီး ၆၈ ဦးထက်မနည်း သေဆုံး အောက်တိုဘာ-၂၉၊ ၂၀၂၆။ People’s Spring စပိန်နိုင်ငံ အလယ်ပိုင်းမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် ၆၈ ဦးထက်မနည်း သေဆုံးခဲ့သလို အများအပြား ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့တုန်းက မက်ဒရစ် မြို့တော်ကနေ ဆဗီးလ်မြို့ဆီ ဦးတည်ခုတ်မောင်းနေတဲ့ မြန်နှုန်းမြင့် ရထားဟာ ပြေးလမ်းပေါ်မှာ ရပ်ထားတဲ့ နောက်ထပ် ရထားတစ်စီးကို အရှိန်ပြင်းပြင်း ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်မိတဲ့ အရှိန်က ပြင်းလွန်းတာကြောင့် ရထားတွဲ တချို့ဟာ သံလမ်းပေါ်ကနေ ချော်ထွက်သွားခဲ့ပါတယ်။ ပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ လူ့အမှားနဲ့ဆိုင်တဲ့ ကွန်ပျူတာစနစ် အမှားအယွင်း တစ်ခုကြောင့် အခုလို မတော်တဆမှုကြီး ပေါ်ပေါက်ခဲ့တာလို့ ပြောပါတယ်။ ဒါဟာ စပိန်သမိုင်းမှာ ၁၃ နှစ်အတွင်း အဆိုးဆုံး ရထား မတော်တဆမှု အဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။ အသက်ရှင် လွတ်မြောက်လာသူတွေကတော့ ရထားချင်း ဆောင့်မိပြီး လူတွေ လေထဲ မြောက်တက်သွားပုံ၊ အပျက်အစီးတွေထဲ ညပ်မိနေပုံ၊ ပြတင်းပေါက် မှန်တွေကွဲထွက်ပြီး အပြင်ဖက်ကို လွင့်ထွက်သွားကြပုံတွေကို ပြောပြခဲ့ပါတယ်။ မက်ဒရစ်မြို့တော် တောင်ဖက် မော်ရာနဲ့ အော်ဂက်ဇ် ဧရိယာတွေကြားမှာ ဖြစ်ပွားတဲ့ ရထားတိုက်မှုမှာတော့ ခရီးသည် ၁၄၇ ဦး လိုက်ပါလာခဲ့ပြီး Iryo ကုမ္ပဏီက ပိုင်ဆိုင်တဲ့ အနီရောင် ရထားတစ်စီးဟာ ကွန်ပျူတာစနစ် ချွတ်ယွင်းမှု ပြဿနာကြောင့် ရပ်တန့်နေခဲ့တယ်လို့ ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူယန်တေးက ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မက်ဒရစ်မှာရှိတဲ့ ၂၄ နာရီ ထိန်းချုပ်စနစ်က ရထားတွေကို လမ်းညွှန်ကြပ်မတ်ပေးဖို့ လွှဲပြောင်း တာဝန်ယူခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီစနစ်ဟာ ရှင်းမပြနိုင်တဲ့ အမှားတစ်ခုအဖြစ် တခြားရထားတွေကို မြန်နှုန်း ကန့်သတ်ချက် မရှိဘဲ ပြန်လည် ခုတ်မောင်းဖို့ ညွှန်ကြားလိုက်ကြောင်း ဝန်ကြီးက ဆိုပါတယ်။ အဲဒီနောက်မှာတော့ Iryoရဲ့ ရထားကို စပိန်အစိုးရပိုင် ရထားပို့ဆောင်ရေး ကုမ္ပဏီ Renfeရဲ့ ရထားတစ်စီးက နောက်ကနေ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရထားပေါ်မှာတော့ ခရီးသည် ၃၉၇ ဦး လိုက်ပါလာခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ နေရာက မှတ်တမ်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာတော့ Iryoရဲ့ အနီရောင် ရထားနောက်ကနေ Renfeရဲ့ အဖြူရောင် ရထားက ဝင်တိုက်ထားတာကိုတွေ့ရပါတယ်။ တိုက်မိတဲ့ အရှိန်က ပြောမပြတတ်အောင် ပြင်းထန်လွန်းတယ်လို့ Renfeရဲ့ ရထားထဲမှာ လိုက်ပါလာခဲ့သူ အသက် ၆၂ နှစ်အရွယ် ဆယ်လ်ဗာဒေါ အာရစ်ဇာက ပြောကြားခဲ့ပါတယ်။ ရထားတွေ ရပ်သွားတဲ့ အချိန်မှာ ဒဏ်ရာရမထားတဲ့၊ ဒဏ်ရာ သိပ်မပြင်းတဲ့ ခရီးသည်တွေက ပြတင်းမှန်တွေကို ခွဲပြီး အပြင်ကို တိုးထွက်ခဲ့ကြပါတယ်။ ရထားတွဲ တစ်ခုကတော့ မီးစွဲလောင်ခဲ့ပါတယ်။ နာနာကျင်ကျင် အော်ဟစ်နေသူတွေ၊ သွေးအလူးလူးနဲ့ ဆောက်တည်ရာမရ အကူအညီ တောင်းခံနေသူတွေ၊ အပျက်အစီးပုံတွေအောက် ပိမိနေသူတွေကို တွေ့ခဲ့ရတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။ တွေ့ရကြုံရတာတွေက မမြင်ရက်စရာ အနိဋ္ဌာရုံ အခြေအနေမျိုးလို့ Iroyရဲ့ ရထားပေါ် ပါလာတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ယောက်က ဖွင့်ဟခဲ့ပါတယ်။ သူက ရထားအပြင်ဖက်ကို တိုးထွက်လာခဲ့ချိန်မှာ ခြေလက်အင်္ဂါ မစုံတော့တဲ့ အလောင်းတွေကိုပါ တွေ့ခဲ့ကြောင်း ဆိုပါတယ်။ ကိုးကား: BBC 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဗလာဒီမီယာပူတင် #အီလွန်မတ်စ်ခ် #ချီးကျူးပြောဆိုမှု #ရုရှားနိုင်ငံ #နည်းပညာနှင့်နိုင်ငံရေး #နိုင်ငံတကာသတင်း #VladimirPutin #ElonMusk #PutinCompliment #Russia #TechAndPolitics #InternationalNews #စပိန်နိုင်ငံ #ရထားမတော်တဆမှု #လူသေဆုံးမှု #အရေးပေါ်ကယ်ဆယ်ရေး #နိုင်ငံတကာသတင်း #Spain #TrainCrash #RailAccident #Casualties #EmergencyResponse #InternationalNews