စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် သက်တော်ရှည်ငါ့တရော်ဆရာတော်ဘုရားကြီးဘဒ္ဒန္တဇဝန
ပန်းကလေး
0:00 / 0:00
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် သက်တော်ရှည်ငါ့တရော်ဆရာတော်ဘုရားကြီးဘဒ္ဒန္တဇဝန
94 просмотра · 8 дн. назад
ပန်းကလေး
3 подписчика
94 просмотра · 8 дн. назад
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်
သက်တော်ရှည်ငါ့တရော်ဆရာတော်ဘုရားကြီးဘဒ္ဒန္တဇဝန
🙏အရှင်ဘုရားကို ဓားနဲ့ ခုတ်ခွင့်ပြုပါ🙏
👇👇👇👇👇👇👇👇👇👇👇👇👇👇
ရုပ်ရှင်ဆန်ဆန် တစ်ကယ်ဖြစ်ပျက်ခဲ့သော
🙏ငါ့တရော်ဆရာတော်ဘုရားကြီး၏🙏
🙏ဝဋ်ကြွေးကြမ္မာအား,သည်းခံခဲ့ပုံ🙏
အဖြစ်အပျက်က၂၀၁၁ခုနှစ်ဝန်းကျင်ကထင်ပါရဲ့။
ငါ့တရော်ရွာမှာ လူစိမ်းတယောက် လာရောက်
နေထိုင်တယ်။အဲ့လူက ဘုန်းကြီးကျောင်းလည်း
အမြဲလာ တရားတွေဆွေးနွေး နာကြားလေ့ရှိပြီးမှ
ပြန်လေ့ရှိတယ်။နောက်တော့ ဒီလူက ရမည်းသင်း
ဘက် မိုးထိမိုးမိမှာ ရွှေသွားတူးရင်း အဆင်မပြေ
ဖြစ်လာတယ်။ခါတိုင်းလိုဘုန်းကြီးဆီရောက်လာ
ပြီးရင် ဆရာတော်ကြီး တစ်ပါးတည်း ရှိနေချိန်
"အရှင်ဘုရားကို တပည့်တော် ဓါးနဲ့ခုတ်ခွင့်ပြုပါ"
ဆိုပြီးလျှောက်တယ်။
'ဒကာ အဲ့လို မပြောကောင်းဘူး' ဆိုပြီး ဆရာတော်
ဘုရားကမိန့်တယ်။အဲဒီအချိန် လူတွေ ရောက်လာ
တော့ ဟိုလူလည်း ထပြန်သွားတယ်။
ဆရာတော်ကြီးက ခွင့်လွှတ်တော်မူပါတယ်။
နောက်ထပ်သိပ်မကြာခင် ထပ်ရောက်လာတယ်။
အဲ့အချိန်က ရပ်ရွာလူကြီးတွေလည်း ရှိတယ်။
အဲ့အချိန်မှာ ဆရာတော်ဘုရား တပည့်တော်ကို
သနားရင်ဓါးနဲ့ ခုတ်ခွင့်ပြုပါလို့ထပ်လျှောက်တယ်။
ရပ်ရွာဥက္ကဋ္ဌ က ကြိမ်းမောင်းပြန်လွတ်လိုက်တယ်။
တစ်ခုသောနေ့ထိုနေ့ကား ကောင်းမှုတော်ဘုရားပွဲ
နေ့ ဥပုသ်နေ့မှာ ဆရာတော်ဘုရားကြီးက နှစ်ထပ်
ကျောင်းဆောင်အောက်တွင်ဒကာရင်းတစ်ဦးအား
ဓမ္မနဲ့ပတ်သက်ပီးဟောပြောနေတဲ့အချိန်အပေါ်က
ဓားနဲ့ခုတ်မယ်ဆိုတဲ့ လူဟာ ကျောင်းဝင်းထဲကို
ဆိုင်ကယ် မောင်းလာတော့တယ်။လက်ထဲမှာ
လည်း အမဲခုတ် ဓါးမကြီး ယူလာတယ်။
သွေးတွေကလည်း ရွှဲနေတယ် (လမ်းထိပ်တွင်
ရွာဥက္ကဌအား ခုတ်သတ်ခဲ့ပြီဟုနောက်မှသိရ)။
အဲ့အချိန် ဆရာတော်ကြီးနားက ဒကာက
သွားတားတော့ ဓါးနဲ့ခုတ်လိုက်တာ အဲဒီတားတဲ့
ဒကာလည်း လက်မောင်းကို အခုတ်ခံရတယ်။
'ဆရာတော်ကြီးက ငါ့ဆီလာပါ သူ့ကို ဒုက္ခမပေး
ပါနဲ့' ဆိုပြီးလှမ်းပြောလိုက်တယ်။
ဓါးခုတ်ခံရတဲ့ ဒကာလည်းရွာထဲထွက်ပြေးသွား
တယ်။ မပြေးရင်သေနိုင်ပါတယ်။အခုချိန်က
စလို့ ထိုသူအား "လူမိုက်" လို့ နာမ်စားသုံးပြီး
ရေးသားပါရစေ။
ထိုလူမိုက်ကဆရာတော်ကြီးရှေ့ ငုတ်တုတ်ထိုင်
ပြီး 'တပည့်တော်အရှင်ဘုရားကို ဒီနေ့ နိဗ္ဗာန်ကို
အရောက်ပို့ပေးရစေ' ဆိုပြီး လျှောက်ထားလာ
ပါတယ်။
ဆရာတော်ကြီးက ဒီနေ့တော့ ရောက်လာပြီ
ရှောင်မရတော့ဘူး သိပြီး စိတ်ထဲမှာ ...
{ ငါသည်ရဟန်းသီလအား မကျိုးမပေါက်
မဖောက်ပြားဘဲစောင့်ထိန်းခဲ့ပါက ငါ၏အသက်
မြဲစေ သို့မဟုတ်ပါက ယနေ့ အသက်ကုန်စေ }
လို့ သစ္စာအဓိဋ္ဌာန် ပြုတော်မူတယ်
ဆရာတော်ကြီးက 'ဝိနည်းအရ ခွင့်ပြုတော်မမူ
ကျန်တာတော့ ဒကာ့သဘောပါ' လို့ ပြောတယ်။
လူမိုက်လည်း 'ဆရာတော်ကြီးရဲ့ ဦးခေါင်းကို
ခုတ်ပါရစေ' ဆိုပြီး ဦးခေါင်းကို ခုတ်တယ်။
သွေးတွေသင်္ကန်းတစ်ခုလုံးရွှဲပေါ့၊တစ်ချက်နဲ့
အားမရလို့ သုံးချက်လောက် ခုတ်တယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။
နောက်ထပ် 'အရှင်ဘုရားပခုံးကို ခုတ်ခွင့်ပြုပါ'
ဆိုပြီး ပခုံးကို ဓါးနဲ့ခုတ်ပြန်တယ်။
'ဆရာတော်ဘုရား လက်ကို ခုတ်ခွင့်ပြုပါ'
ဆိုပြီး လက်ကို ခုတ်လိုက်တာ ညာဘက်လက်
လက်သူကြွယ်နှစ်ဆစ် တိကနဲပြတ်သွားတယ်။
ဒီကြားထဲ လူမိုက် က အရှင်ဘုရား ဒီဘက်နေရာ
နေအလင်းရောင် မရ မှောင်နေလို့ လင်းတဲ့နေရာ
လေး ကို လက်ညှိုးထိုး ရွေ့ပြောင်းဖို့ လျှောက်
ထားတော့ လင်းတဲ့နေရာ ( ခြေလှမ်းဆယ်လှမ်း
လောက် အကွာ )ကို အခုတ်ခံနေရင်း တန်းလန်း
မှာကို သည်းခံစိတ်နဲ့ ရွှေ့ပေးတော်မူရှာပါတယ်။
(ကဲစဉ်းစားသာကြည့်တော့ ဒီစာကိုဖတ်ရင်း
မျက်ရည်ဝဲရင်နင့်ခဲ့ရတယ်)
နောက်တော့ဆရာတော်ကြီးဟာအခုတ်ခံနေရစဉ်
ဘုရားသားတော်ပီပီ ဓမ္မကိုဂရုပြုပီး ဝေဒနာကို
သည်းခံ ၊ အသံထွက်ခြင်းမရှိဘဲ သည်းခံတော်မူ
တယ်။လူမိုက်က ဆရာတော်ဘုရားကြီးကို
သေသေချာချာချာ အသေသတ်ရန် မုဆိုးထိုင်
ထိုင်ပြီး ဦးခေါင်းကို ဒူးခေါင်းနဲ့ဖိ ဘယ်လက်နဲ့
အားရပါးရ ခုတ်သတ်ရန်ရွယ်စဉ် (ခုတ်မိပါက
ကျိန်းသေပေါက် အသက်သေဆုံးနိုင်ပါသည်)
ထိုလူမိုက် သူ့ရင်ဘတ်ကို သူ့လက်နဲ့ဖိကာ
ရုတ်ချည်းအမောဖောက်ပြီးခဏရပ်သွားတယ်။
ကျောင်းက ဦးဇင်းတစ်ပါး ကျောင်းဝင်းအဝင်
တွေ့လို့ အုတ်နီခဲနဲ့လှမ်းထုတော့ ထိတယ်။သူက
ဦးဇင်းကိုမဲပီး ဓါးနဲ့လိုက်ခုတ် အဲဒီအခိုက်
ခဲတစ်ပစ်အကွာ ဇရပ်မှာ အမျိုးသမီးယောဂီ
တွေက တွေ့လိုက်တော့ ဆရာတော်ဘုရားကြီး
တစ်ကိုယ်လုံးသွေးတွေရွှဲစိုနေတာမြင်တော့
ဆရာတော်ကြီး သေပါပြီ ပျံတော်မူပါပြီလို့
အော်ကြငိုကြတော့မှလူမိုက်က ဆရာတော်ကြီး
သေပြီထင်လို့ကျောင်းဝင်းထဲကနေ အပြင်ကို
ရွာဘက်ကို ဆိုင်ကယ်မောင်းပြီးတော့
ထွက်ပြေးသွားတယ်။
ကျေးဇူးရှင် ငါ့တရော် ဆရာတော်ဘုရားကြီး
ဓါးနဲ့အခုတ်ခံရတာအချက်ပေါင်း( ၃၀ )ကျော်ပါ
တယ်။သတိသမ္ပဇဥ် မလွတ်ပါဘူး။တရားဂရုပြု
နေပါတယ်။ဒေါသထွက်ခြင်းအလျဉ်း မရှိ။
ဘုရားရှင်၏ သားတော်စစ်ပီပီ ခန္တီတရားကို
လက်ကိုင်ပြုပြီး ပေးဆပ်တော်မူပါတယ်။
ငါ့တရော်တိုက်နယ်ဆေးရုံသို့ အားချင်း ပို့ကြရာ
အဝေးမှ အရိုးဆရာဝန်ကြီး ရောက်နေပါတယ်။
ဆရာတော်ဘုရားရဲ့ ဒဏ်ရာတွေကို ဆေးထည့်
တချို့ကို ချုပ်ပေးဖို့ လုပ်နေရင်း တန်းလန်းမှာ
ဒဏ်ရာတချို့သူ့ဖာသာသူသွေးတိတ်သွားတယ်။
ပြတ်သွားတဲ့ လက်ကို ပြန်ဆက်ပေးဖို့ ပြောရာ
ဆရာတော်ကြီး ငြင်းတော်မူတယ်။
တရားအမြဲနှလုံးသွင်းဖို့ သတိပေးတဲ့သဘော
ဘဝဝဋ်ကြွေးတွေ ပေးဆပ်ရတဲ့သဘောမို့လို့
(သံဝေဂ) အနေနဲ့ ပြတ်တဲ့အတိုင်းထားတော်မူ
တယ်။ကြည်ညိုသူ မန္တလေးက ဒကာမကြီး
တစ်ယောက်ကဆေးရည်စိမ်ပြီး သူ့အိမ်က
ဘုရားကျောင်းဆောင်မှာ ပူဇော်ထားပါတယ်။
( ယခုမရှိတော့ဘူးဟု သိရပါသည်)
ဗဟုသုတအဖြစ်ပြန်လည်မျှဝေပါသည်။
#ငါ့တရော်ဆရာတော်ဘုရားကြီး
#ဇဝနာရာမတိုက်သစ်ကျောင်း