Перейти к содержимому

(အစ/ဆုံး) အရောင်းစားခံလိုက်ရတဲ့ ဇနီးကို နွားလှည်းနဲ့ လိုက်ကယ်ခဲ့တဲ့ ခင်ပွန်း #movierecap #drama

Kyaw Zin Recaps

0:00 / 0:00

(အစ/ဆုံး) အရောင်းစားခံလိုက်ရတဲ့ ဇနီးကို နွားလှည်းနဲ့ လိုက်ကယ်ခဲ့တဲ့ ခင်ပွန်း #movierecap #drama

279 039 просмотров · 3 недели назад
Kyaw Zin Recaps
41,3 тыс. подписчиков
279 039 просмотров · 3 недели назад
အတိတ်ဘဝကို ပြန်လည်ဝင်စားခွင့်ရခဲ့တဲ့ ချန်းတာကော့တစ်ယောက် ဇနီးဖြစ်သူ လီရှုကျန်းနဲ့ သမီးလေး သုံးယောက်ကို ယုတ်မာသူတွေရဲ့ လက်ကနေ ကာကွယ်ရင်း အောက်ခြေဘဝကနေ အထက်တန်းစား စက်ရုံသူဌေးကြီးဖြစ်အောင် အသက်နဲ့လဲပြီး ရုန်းကန်ရင်ဆိုင်ခဲ့ရတဲ့ ဇာတ်လမ်းအပြည့်အစုံပဲ ဖြစ်ပါတယ်။ ​ယောက္ခမကြီးရဲ့ နှလုံးရောဂါ ခွဲစိတ်စရိတ် ယွမ် ၃,၀၀၀ အတွက် ပေါင် ၁၀၀ နီးပါးလေးတဲ့ ငါးကြင်းဘုရင်ကြီးကို အသက်နဲ့လဲ ဖမ်းဆီးရောင်းချခဲ့ရသလို၊ တောဝက်ဆိုးတွေကို ဓားမတစ်ချောင်းနဲ့ အနိုင်တိုက်ကာ နှစ်တစ်ရာသက်တမ်းရှိ ဂျင်ဆင်း ကြီးကို တူးဖော်ရောင်းချခဲ့ရပါတယ်။ မြို့ပေါ်က သူဌေးသား ကျန်းရှောက်၊ ၎င်း၏ မမ ကျန်းဟုန်နဲ့ ယုတ်မာသူ မောင်ဖြစ်သူ လီချူတို့ရဲ့ နည်းမျိုးစုံ ဖိအားပေး နှောင့်ယှက်မှု၊ မြေထိုးကားကြီးတွေနဲ့ တိုက်သတ်ဖို့ ကြံစည်မှုနဲ့ ဆောက်လုပ်ရေးပစ္စည်း ပိတ်ဆို့မှုတွေကို ကြံ့ကြံ့ခံ အနိုင်ယူခဲ့ပါတယ်။ ​အရေးကြုံချိန်မှာတော့ အန္တရာယ်ကြီးမားလှတဲ့ ဆိုးသွမ်းသော တောဝက်တောအုပ် ထဲအထိ ဝင်ရောက်ကာ ဝက်ဝံနက်ကြီးနဲ့ အသက်လု တိုက်ခိုက်ပြီး ရှားပါးလှတဲ့ "နှစ်တစ်ရာ သွေးလင်းဇီး" ဆေးပင်ကို တူးဖော်ကာ ဆောက်လုပ်ရေး စက်ရုံသူဌေးကြီး ချန်းဝေတုန်းရဲ့ အဖေကြီးအသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ​ထိုကျေးဇူးကြောင့် သူဌေးကြီး ချန်းဝေတုန်း၊ ဆေးရုံအုပ်ကြီး လျူဖန့်နဲ့ ရှေးဟောင်းပစ္စည်း သူဌေးကြီး ချန်းစတုတ္ထမြောက်တို့ရဲ့ ကျေးဇူးဆပ် ကူညီမှုတွေနဲ့အတူ မိသားစုကို ဒုက္ခပေးခဲ့တဲ့ ရန်သူဆိုးတွေကို ထိုက်ထိုက်တန်တန် ထောင်ထဲ ပို့ပေးနိုင်ခဲ့ပါတယ်။ ​နောက်ဆုံးမှာတော့ ချန်းတာကော့တို့ မိသားစုဟာ မာနိုင်ရွာမှာ အလှဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့ ဖြူလွင်သည့် အုတ်တိုင်၊ အနီရောင် အုတ်ကြွပ်မိုး ၂ ထပ် တိုက်အိမ်ကြီးကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီး၊ ရွာလုံးကျွတ် ၃ ရက်တိုင်တိုင် စည်ကားစွာ အိမ်သစ်တက်ပွဲ ကျင်းပပေးနိုင်ခဲ့ပါတယ်။ အတိတ်ဘဝက အတွေ့အကြုံတွေနဲ့ ရရှိလာတဲ့ ရင်းနှီးမြှုပ်နှံငွေများဖြင့် မြို့ပေါ်ရှိ စက်ရုံကြီးကို လွှဲပြောင်းယူကာ စက်ရုံသူဌေးကြီးဖြစ်အောင် ဆက်လက် လျှောက်လှမ်းမည့် ချန်းတာကော့တို့ မိသားစု၏ သာယာပျော်ရွှင်ဖွယ် ဘဝသစ်ဇာတ်လမ်းလေးကို ဒီဗီဒီယိုမှာ အစမှ အဆုံးထိ ကြည့်ရှုခံစားလိုက်ပါဗျာ...။ #MovieRecap #KyawZinRecaps #MovieSummary #BurmeseMovieRecap #Drama #ChineseDrama #DailyRecapSeries #FullStoryRecap