Khit Thit Evening News | 22 September 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 22 September 2026
302 091 просмотр · 5 часов назад
Khit Thit Media
3,29 млн подписчиков
302 091 просмотр · 5 часов назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကြံ့ဖွတ်ပါတီ ပြိုကွဲရင် တိုင်းပြည်ပျက်မယ်ဆိုပြီး ကြံဖွတ် ဘူးလက်လှဆွေက ပြောဆိုလာပြန်သလို ၊ NLD ပါတီကို ပြည်ဖျက်ပါတီဆိုပြီးတော့ပါပြောဆိုသွားပြန်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် မင်းသမီး Shin Ye-eun က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို လာရောက်ပြီး မြန်မာဒုက္ခသည်ကလေးတွေကို တွေ့ဆုံ ကူညီထောက်ပံ့ရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ကျော်မိုး နဲ့ လူမိုက်အဖွဲ့တွေဟာ ရပ်ကွက်အတွင်း ရမ်းကားနေပြီး လူငယ်မှန်သမျှ အမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲ ဖမ်းဆီးရိုက်နှက်ငွေညှစ်တာတွေအထိ လုပ်လာသလို ၊ လူငယ်အမျိုးသားတွေကိုလည်း အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်တာတွေ လုပ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
-ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်မှာ ကျောင်းသား ၂ ဦးကို ဓားနဲ့ထိုးတဲ့ ဆယ်ကျော်သက် လူငယ်အုပ်စုကို ဖမ်းဆီးရမိထားပြီး ၊ သူတို့ဟာ တယ်လီဂရမ်ကနေ နောက်ပြောင်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဖုန်းဆက်ချိန်းပြီးမှ ဓါးနဲ့ထိုးလိုက်တာဖြစ်တဲ့အကြောင်း ရဲသတင်းရင်းမြစ်ကပြောပါတယ်။
အမေရိကန်အစိုးရက အီရန်လေကြောင်းလိုင်းတွေအနေနဲ့ ကမ္ဘာတစ်ဝန်း ပျံသန်းခွင့်ရပ်တန့် သွားနိုင်တယ်လို့ ခြိမ်းခြောက် ပြောဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။