Перейти к содержимому

သခင်ယေရှုနှင့်တွေ့ဆုံခဲ့သောအမျိူးသမီး​များ (မာဂဒါလမာရိ) Dr. ဒေါ်ခင်အေးထွေး POFA Daily Prayer Meeting

PRAY ONE FOR ANOTHER POFA

0:00 / 0:00

သခင်ယေရှုနှင့်တွေ့ဆုံခဲ့သောအမျိူးသမီး​များ (မာဂဒါလမာရိ) Dr. ဒေါ်ခင်အေးထွေး POFA Daily Prayer Meeting

57 просмотров · 3 дн. назад
PRAY ONE FOR ANOTHER POFA
94 подписчика
57 просмотров · 3 дн. назад
၅မိနစ်ဒေသနာအာရုံဦးမှာ ဝိဉာဉ်ခွန်အားရယူရာ သခင်ယေရှုနှင့်တွေ့ဆုံခဲ့သောအမျိူးသမီး​များ (မာဂဒါလမာရိ) ရှင်လုကာခရစ်ဝင် ၈:၁-၃ ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၄-၂၆၊ ၂၀:၁-၃၊ ၂၀:၁၄-၁၈ ရှင်မာကုခရစ်ဝင် ၁၅:၃၉-၄၁ Dr. ဒေါ်ခင်အေးထွေး Dr. Daw Khin Aye Htwe October 21, 2026, Wednesday @ 9:00 AM Myanmar Time October 20, 2026, Tuesday @ 7:30 PM Pacific Standard Time ရှင်လုကာခရစ်ဝင် ၈:၁-၃ ၁ ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ၂ တကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့် ကင်းလွတ်စေသော်မူသော မိန်းမအချို့သည်လည်း လိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက်ထွက်သော မာဂဒလဟု ခေါ်ဝေါ်သာမာရိ၊ ၃ ဟေရုဒ်မင်း၏ စားတော်ကဲခုဇ၏မယား ယောဟန္နနှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ်ကျွေးသော အခြားမိန်းမအများ ပါကြ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၄-၂၆ ၂၄ ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူ ယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်းဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကိုပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။ ၂၅ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့်မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။ ၂၆ ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍၎င်း၊ ရှင်မာကုခရစ်ဝင် ၁၅:၃၉-၄၁ ၃၉ ထိုသို့ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည်မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟုဆို၏။ ၄၀ မိန်းမအချို့တို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။ ၄၁ ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အကျွေးလိုက်သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့် ယောသ၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှလင်မြို့သို့လိုက်လာသော အခြားမိန်းမများလည်း ပါကြသတည်း။ ရှင်ယောဟန်ခရစ်ဝင် ၂၀:၁-၃ ၁ ခုနစ်ရက်တွင် ပဌမနေ့ရက်၊ မိုဃ်းမလင်းမှီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊ ၂ ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိဟု ပြောဆို၏။ ၃ ထိုအခါပေတရုနှင့် အခြားသောတပည့်တော်သည် ထွက်၍ သင်္ချိုင်းတော်သို့ သွားကြ၏။ ရှင်ယောဟန်ခရစ်ဝင် ၂၀:၁၄-၁၈ ၁၄ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကိုမသိ။ ၁၅ ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည် သူ့ကိုဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။ ၁၆ ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။ ၁၇ ယေရှုကလည်း၊ ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊ ၁၈ မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အားကြားပြောလေ၏။ Chairperson: U Bomber Prayer Person: Naw Tha Su PRAY ONE FOR ANOTHER "အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့" နေ့စဥ်ဆုတောင်းအစည်းအဝေးမှ ဖိတ်ခေါ်ပါတယ်။ Dr. ဒေါ်ခင်အေးထွေး၏ ဒေသနာတော်များ Dr. Daw Khin Aye Htwe's Sermons #DrKhinAyeHtwePOFA ဆက်စပ်ဒေသနာတော် ခေါင်းစဉ်များ Related Titles #ChristPOFA #JesusPOFA #GodPOFA #JehovahPOFA #LordPOFA #ခရစ်တော်POFA #ယေရှုPOFA #ဘုရားPOFA #ဘုရားသခင်POFA #ထာဝရဘုရားPOFA #ကိုယ်တော်POFA #WomanPOFA #WomenPOFA #အမျိူးသမီး​POFA #အမျိူးသမီး​များPOFA #MaryMagdalenePOFA #MagdalenePOFA #မာဂဒါလမာရိPOFA #PersonPOFA #လူပုဂ္ဂိုလ်POFA အခြေပြုကျမ်းညွှန်းများနှင့်ဆက်စပ်သောဒေသနာများ #Luke8POFA #လုကာ၈POFA #John19POFA #ယောဟန်၁၉POFA #John20POFA #ယောဟန်၂၀POFA #Mark15POFA #မာကု၁၅POFA အခြားသူများရဲ့ဒေသနာတော်များ Other's Sermons #DailySermonsPOFA နေ့စဉ်အစီအစဉ်များအားလုံး Daily Programs #PrayOneForAnotherPOFA