Перейти к содержимому

ကကတစ် ငါးချိုချဉ်ကြော်နှပ် | Sae Bass Sweet & Sour Fried Curry

Ma Ei Easy Recipes

0:00 / 0:00

ကကတစ် ငါးချိုချဉ်ကြော်နှပ် | Sae Bass Sweet & Sour Fried Curry

6 715 просмотров · 2 года назад
Ma Ei Easy Recipes
5,22 тыс. подписчиков
6 715 просмотров · 2 года назад
မှတ်ချက် ကကတစ်ငါးနေရာမှာ ငါးကြင်း ငါးမြစ်ချင်း ကြိုက်တဲ့ပင်လယ်ငါး ကြိုက်တဲ့ငါးသုံးလို့ရပါတယ် (ဒါပေမဲ့ ငါးမြစ်ချင်းနဲ့ ကကတစ်ငါးသုံးရင် မွှေးပြီးတော့ ပိုစားလို့ကောင်းပါတယ်) ဆော့စ်မှာ အရသာတစ်ခါတည်းပါဝင်ပြီးသား ဖြစ်ပါတယ် (ဆော့မှာ အရသာ အပေါ့၊အငံတစ်ခါတည်း စပ်ထားပါ) အရည်ခမ်းအောင်မတည်ရပါဘူး..ရေနည်းနည်းကျန်တဲ့အချိန်မှာ ချအိုးချပေးရပါမယ်။ ရေခမ်းသွားရင် စားတဲ့အခါ ဟင်းကအရမ်းခြောက်သွားပြီး စားမကောင်းပါဘူး။ ငါးအရသာကလည်း အရမ်းမာကျစ်သွားပါလိပ့်မယ် ပါဝင်ပစ္စည်းများ (4ယောက်စာ) ကကတစ်ငါး (၃၅)ကျပ်သား ခရမ်းချဉ်သီး အနေတော်(၂)လုံး ဂျင်း (၃)ပြား ကြက်သွန်နီ (၁)လုံး ကြက်သွန်ဖြူ (၂)မွှာ ပဲငံပြာရည်အနောက် ထမင်းစားဇွန်တစ်ဝက် ပဲငံပြာရည်အကြည် (၂)ဇွန်း သကြား ထမင်းစားဇွန်း (၁)ဇွန်းခွဲ ခရုဆီ ထမင်းစားဇွန်းတစ်ဝက် ဆီ (၁၂)ကျပ်သား နံနံပင် (၂)ပင် အားလုံးပဲစားကောင်းကြပါစေ။ ချက်ရလွယ်ကူပြီး အရသာရှိတဲ့ ဟင်းချက်နည်း များကို မျှဝေပေးသွားမှာမို့ ဗီယိုလေးကိုနှစ်သက်သဘောကျတယ်ဆိုရင် Like, Share and Subscribe လုပ်ပြီးအားပေးသွားကြပါအုန်းရှင့်။ ဤ channel မှ videoများအား တခြား social mediaပေါ် တွင်ခွင့်မတောင်းဘဲတင်ခြင်း လုံး၀(လုံး၀) မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ Carefree Kevin MacLeod ([incompetech.com](http://incompetech.com/)) Licensed under Creative Commons: By Attribution 4.0 License http://creativecommons.org/licenses/b... Music promoted on https://www.chosic.com/free-music/all/