Перейти к содержимому

တစ်နှစ်အတွင်း နားထောင်မှု ၁၀ ဘီလီယံကျော်နဲ့ စံချိန်တင်ခဲ့တဲ့ BTS

Colors of Dream

0:00 / 0:00

တစ်နှစ်အတွင်း နားထောင်မှု ၁၀ ဘီလီယံကျော်နဲ့ စံချိန်တင်ခဲ့တဲ့ BTS

395 просмотров · 1 дн. назад
Colors of Dream
3,93 тыс. подписчиков
395 просмотров · 1 дн. назад
17 October 2026 BTS အဖွဲ့ဟာ Spotify မှာ တစ်နှစ်အတွင်း Stream (သီချင်းဖွင့်နားထောင်မှု) အကြိမ်ရေ ၁၀ ဘီလီယံကျော် ရရှိခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဂီတအဖွဲ့ဖြစ်လာပါတယ်။ ဒါဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် သူတို့ရဲ့ သီချင်းတွေကို ဖွင့်နားထောင်သူ အရေအတွက် သိသိသာသာ တိုးလာတာပါ။ ဒီအောင်မြင်မှုအပြင် BTS ဟာ ၂၀၂၆ MTV Video Music Awards Japan ရဲ့ တစ်နှစ်တာအကောင်းဆုံး အနုပညာရှင်ဆုကိုလည်း ရရှိထားပါသေးတယ်။ ဆုရရှိတဲ့သူတွေကို အဓိကဆုပေးပွဲ မကျင်းပခင်မှာ ကြေညာခဲ့ပြီး အခမ်းအနားကို ဂျပန်နိုင်ငံ၊ Tokyo Dome မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ BTS အဖွဲ့ရဲ့ သီချင်းတွေကို ဖွင့်နားထောင်သူ အရေအတွက် တိုးလာရတဲ့ အဓိကအကြောင်းရင်းကတော့ မတ်လက ထွက်ရှိခဲ့တဲ့ ပဉ္စမမြောက် အယ်လ်ဘမ်ဖြစ်တဲ့ ARIRANG ကြောင့်ပဲပေါ့။ ဒီအယ်လ်ဘမ်က Spotify မှာ Stream အကြိမ်ရေ ၅ ဘီလီယံကျော် ရရှိခဲ့တယ်။ ပြီးတော့လည်း အဲဒီအချိန်အထိ ၂၀၂၆ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ အယ်လ်ဘမ်တွေထဲမှာ Stream အများဆုံး အယ်လ်ဘမ်ဖြစ်လာတာပေါ့။ အယ်လ်ဘမ်ရဲ့ အဓိကသီချင်းဖြစ်တဲ့ “SWIM” ကလည်း သီချင်းစထွက်တဲ့နေ့မှာတင် Stream အကြိမ်ရေ ၁၄ သန်းလောက် ရရှိခဲ့တာပါ။ ARIRANG အယ်လ်ဘမ်ထဲက သီချင်း ၁၄ ပုဒ်လုံးကလည်း Spotify ရဲ့ ကမ္ဘာလုံးဆိုင်ရာ နေ့စဉ်သီချင်းစာရင်းမှာ ထိပ်ဆုံး ၁၄ နေရာကို တစ်ပြိုင်နက် ရရှိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်က BTS အဖွဲ့ဝင်တွေ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးလို့ လေးနှစ်နီးပါးအတွင်း အဖွဲ့လိုက် ပထမဆုံး ပြန်ထွက်ရှိလာတဲ့ အယ်လ်ဘမ် ဖြစ်ပါတယ်။ ဒီိိလိုမျိုး အယ်လ်ဘမ်ထွက်ရှိလာတာမလို့ အဖွဲ့ဝင်တွေ ပြန်ဆုံကြပြီးတော့ သီချင်းအသစ်တွေကို ထုတ်ဝေခဲ့ကြတာပါ။ ဒီလို စံချိန်သစ်တွေ၊ ဆုရရှိမှုတွေနဲ့ BTS က ကမ္ဘာ့ဂီတလောကမှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေပါတယ်။ ရုပ်သံ - TikTok @choyqng @my_life_our_life @rvfthv @takoyakiholic7 @nadimotti @_anahi09_ @hippyhoran @btsarmyocean, Facebook - Dhamghurl #BTS #BTS_ARIRANG #Spotify #Kpop #Entertainment Colors Of Dream ကို Facebook မှာလည်း ကြည့်ရှုနိုင်ပါတယ်။ Facebook - https://www.facebook.com/profile.php?...