Перейти к содержимому

ကျွန်တော်တို့ သတိမထားမိတဲ့ အီရန်ရဲ့ နောက်ထပ် ပင်လယ်တစ်စင်း

My Notes

0:00 / 0:00

ကျွန်တော်တို့ သတိမထားမိတဲ့ အီရန်ရဲ့ နောက်ထပ် ပင်လယ်တစ်စင်း

238 675 просмотров · 5 мес. назад
My Notes
686 тыс. подписчиков
238 675 просмотров · 5 мес. назад
ကက်စပီယန်ပင်လယ် ယနေ့ကမ္ဘာ့သတင်းတွေမှာ အမေရိကန်နဲ့ အီရန်ကြားက တင်းမာမှုတွေကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အကြောင်းကိုပဲ နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံရဲ့ မြောက်ဘက်ခြမ်းမှာ ဒီထက်မက ထူးခြားပြီး ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ နောက်ထပ် ပင်လယ်တစ်စင်း ရှိနေတာကိုတော့ လူတော်တော်များများ သတိမမူမိကြပါဘူး။ ဒီကနေ့ဗီဒီယိုမှာ အောက်ပါအကြောင်းအရာတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ၁။ အမေရိကန်-အီရန် စစ်ပွဲ နောက်ဆုံးရခြေအနေ (Update News) ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်သမ္မတရဲ့ 'Project Freedom' ရပ်တန့်လိုက်မှုနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေအကြားမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသလဲ? ဟော်မုဇ်ရေလက်ကြားက တင်းမာမှုတွေက ဘယ်အရာတွေကို ဘယ်လိုရိုက်ခတ်နေသလဲဆိုတာ ၂။ ကက်စပီယန်ပင်လယ် (Caspian Sea) - အီရန်ရဲ့ ပင်လယ်မဟုတ်တဲ့ ပင်လယ် ကမ္ဘာ့အကြီးဆုံး ကုန်းတွင်းပိတ် ရေပြင်ကြီးဖြစ်တဲ့ ကက်စပီယန်ပင်လယ်ဟာ အီရန်အတွက် ဘယ်လောက်အရေးပါသလဲ? ဟော်မုဇ်ရေလက်ကြားမှာ ပိတ်ဆို့မှုတွေ ရှိလာချိန်မှာ အီရန်ဟာ ရုရှားနဲ့ ကုန်သွယ်ဖို့အတွက် ဒီပင်လယ်ကို ဘယ်လို အသုံးချနေသလဲ? ဒီပင်လယ်အောက်က ကြွယ်ဝတဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေအကြောင်း ၃။ စစ်ပွဲသတင်းတွေအောက်မှာ ဖုံးကွယ်နေတဲ့ တခြားသတင်းတိုများ Middle East စစ်ပွဲသတင်းတွေကြောင့် လူတွေ သတိမထားမိလိုက်တဲ့ တခြား အနုပညာ နဲ့ အားကစားလောက ကိုပါ လာရောက်ရိုက်ခတ်တဲ့ နိုင်ငံရေး စတဲ့ နောက်ထပ် စိတ်ဝင်စားစရာ သတင်းတိုတွေကိုလည်း ဗီဒီယိုရဲ့ နောက်ဆုံးအပိုင်းမှာ စုစည်းဖော်ပြပေးထားပါတယ်။