အသေကောင်းဖို့ - အကြောင်းတရားဒေသနာတော်🙏 _ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ
Dhamma မှတ်စုများ
0:00 / 0:00
အသေကောင်းဖို့ - အကြောင်းတရားဒေသနာတော်🙏 _ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ
59 просмотров · 2 недели назад
Dhamma မှတ်စုများ
700 подписчиков
59 просмотров · 2 недели назад
လူတိုင်း လူတိုင်းဟာ သေမှာမကြောက်တဲ့လူရယ်လို့ မရှိပါဘူး။
ဘာတရားထူး တရားမြတ်မှလည်း ရမထားဘူး၊ အကုသိုလ်တွေသာ များပြီး ဘာကောင်းမှုကုသိုလ်မှ မည်မည်ရရမရှိထားဘူး၊ တရားသငဘောတွေလည်း နှလုံးမသွင်းတတ်ဘူးဆိုရင်
ပါးစပ်က ဘယ်လောက်ပဲ သေမှာမကြောက်ဘူးပြောပြော သေခါနီးအချိန်မှာ အဲ့ဒီလူဟာ ကြောက်ကို ကြောက်လိမ့်မယ်။ ဒါဟာ တကယ့်လက်တွေ့မှာ သေခြင်းတရားနဲ့ ရင်ဆိုင်ကြရတဲ့အခါ လက်တွေ့သိလာရလိမ့်မယ်။
ဒါဆိုရင် သေရမှာ မကြောက်တဲ့ နည်းလမ်းတွေရှိလား ဆိုပြီး မေးခွန်းထုတ်လာခဲ့ရင် အဖြေက ရှိပါတယ်။ သေခြင်းဆိုတာ ရှောင်လွှဲလို့ ဘယ်လိုမှ မရပါဘူး။ ကြုံလာရတဲ့အခါ ရင်ဆိုင်ဖို့သာ ရှိပါတယ်။
သေခြင်းတရားကို မကြောက်ရဘဲ သေခြင်းကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိချင်ရင် ဒီတရားတော်ကို အချိန်ပေးပြီး အစအဆုံး နာယူကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျာ 🙏🙏🙏
တရားအမည် #အသေကောင်းဖို့
#သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ
#တရားတော်
#Dhammaမှတ်စုများ