Перейти к содержимому

#ဘာကြောင့် ရသ စာပေ ရေးဖြစ်သလဲ ? #အပိုင်း ( ၃၈)

Khin Thandar

0:00 / 0:00

#ဘာကြောင့် ရသ စာပေ ရေးဖြစ်သလဲ ? #အပိုင်း ( ၃၈)

140 просмотров · 1 день назад
Khin Thandar
878 подписчиков
140 просмотров · 1 день назад
#ရသစာပေဆိုသည်မှာ ကျွန်မတို့ နေ့စဉ်ကျင်လည်ရာ လူ့ဘဝအကြောင်းအရာများကို အခြေခံ၍ ရေးဖွဲ့ထားသော စာပေမျိုးဖြစ်သည်။ လူတိုင်း၏ဘဝတွင် စိတ်ဓာတ်ကျစရာများ၊ စိတ်ညစ်ညူးဖွယ်ရာများ၊ ဝမ်းနည်းကြေကွဲဖွယ်ရာများနှင့် ကြုံတွေ့ရလေ့ရှိကြသည်။ ထိုအခါမျိုးတွင် “ငါတစ်ယောက်တည်းသာ ဒီလိုခံစားနေရတာလား” ဟူသော အတွေးများ ဝင်လာတတ်သည်။ သို့သော် ရသဝတ္ထုများထဲတွင် ကိုယ့်အဖြစ်အပျက်၊ ကိုယ့်ခံစားချက်များနှင့် တူညီသော ဇာတ်ကောင်များအကြောင်းကို ဖတ်ရှုရသည့်အခါ “ငါတစ်ယောက်တည်း မဟုတ်သေးပါလား” ဟူသော သက်သာမှုနှင့် နှစ်သိမ့်မှုကို ရရှိစေပါသည်။ ထို့ကြောင့် ကိုယ့်အတွေ့အကြုံများသာမက ကိုယ့်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော လူမှုဘဝအခြေအနေများ၊ ခေတ်ကာလ၏ ဒုက္ခများနှင့် နိုင်ငံရေးအခင်းအကျင်းများကိုလည်း ရသစာပေအဖြစ် ဖန်တီးရေးသားလိုစိတ် ဖြစ်ပေါ်လာရသည်။ ကျွန်မကိုယ်တိုင်လည်း ရသစာပေများမှ ခွန်အားနှင့် နှစ်သိမ့်မှုများ ရရှိခဲ့ဖူးသဖြင့် စာရေးသူတစ်ယောက် ဖြစ်လာသောအခါတွင်လည်း လူတို့၏နှလုံးသားကို ထိတွေ့နိုင်မည့် ရသစာပေများကိုသာ ပိုမိုဖန်တီးရေးသားချင်မိပါသည်။ #Literary fiction is a form of literature that is based on the realities of everyday human life. In everyone’s life, there are moments of depression, emotional distress, sorrow, and heartbreak. During such times, people often find themselves thinking, “Am I the only one feeling this way?” However, when we read literary stories and encounter characters who share experiences and emotions similar to our own, we begin to feel comforted and reassured, thinking, “I am not alone after all.” For that reason, I have developed a desire to transform not only my own experiences, but also the social realities, hardships of the times, and political situations surrounding me into literary works. As for myself, I have gained strength and consolation from reading literary fiction. Therefore, now that I aspire to become a writer, I find myself wanting to create literary works that can touch people’s hearts and offer them the same comfort and strength. ___________________________________ Subscribe to my channel, #   / @khinthandarmm   #https://www.tiktok.com/@khinthandar41... #  / 1ea9qw1sgt