Khit Thit Evening News | 16 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 16 October 2026
273 973 просмотра · 6 часов назад
Khit Thit Media
3,3 млн подписчиков
273 973 просмотра · 6 часов назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
တိုင်းရင်းသားများကို ၂၀၀၈ အခြေခံဥပဒေအောက်ဝင်ခိုင်းပြီး လက်နက်စွန့်ခိုင်းနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ အယောင်ပြ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုဟာ လက်ခံနိုင်စရာမရှိဘဲ အောင်မြင်နိုင် စရာလည်းမရှိဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
NUG ၊KIA ၊ KNU ၊ CNF နဲ့ KNPP တို့ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ SCEF နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/တပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့ ဒုတိယအကြိမ်တွေ့ဆုံပြီး တော်လှန်ရေး ဦးဆောင်မှုအားကောင်းရေး ဆွေးနွေးခဲ့ကြတယ်လို့ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ပဲခူးတိုင်း ၊ မိုးညိုမြို့နယ် ဒုအုပ်ချုပ်ရေးမှူး သက်နိုင်ဦး ဦးဆောင်ပြီး စစ်မှုထမ်းအစားထိုး အရောင်း အဝယ်တွေ လုပ်နေပြီး ကျေးရွာတွေကိုပါ လှည့်လည်ပြီးတော့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီး နေသလို ၊ ဟင်္သာတမြို့နယ်မှာလည်း ကြံ့ဖွတ်ပါတီဝင်တွေနဲ့ အုပ်ကြီးတွေ ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေလုပ်နေတယ်လို့ သက်ဆိုင်ရာ ဒေဿခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သာ အမိန့်ပေးလာမယ်ဆိုရင် အီရန်နိုင်ငံကို ဧရာမဗုံး နဲ့ တိုက်ခိုက်ဖို့ အိမ်ဖြူတော်နဲ့ ပင်တဂွန်က စီစဉ်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။