Перейти к содержимому

သုသာန်ဓူတင် နေ့စဉ်ကျင့်ကြံကြတဲ့ ၁၈ မိုင်တောရကျောင်း

NewsWatch Myanmar

0:00 / 0:00

သုသာန်ဓူတင် နေ့စဉ်ကျင့်ကြံကြတဲ့ ၁၈ မိုင်တောရကျောင်း

616 252 просмотра · 4 года назад
NewsWatch Myanmar
352 тыс. подписчиков
616 252 просмотра · 4 года назад
ဆရာတော်သီးတင်းသုံးနေတဲ့ ကျောင်းသင်္ခန်းရဲ့အောက်မှာ လူသေအလောင်းတွေကို ဂူသွင်းထားတဲ့အုတ်ဂူတွေရှိနေပါတယ်။ ဆရာတော် အရှင်စကြဝဠာဟာ ကိလေသာခေါင်းပါးစေတဲ့အကျင့်ဖြစ်တဲ့ သုသာန်ဓူတင်ကို ကျင့်ကြံနေတာဖြစ်ပါတယ်။ ခက်ခဲလှတဲ့ ဒီဓူအကျင့်ကို ရဟန်းတိုင်းကျင့်ကြံအားထုတ်ဖို့မလွယ်ပေမယ့် ၁၈ မိုင်တောရမှာတော့ ကျောင်းတိုက်မှာသီတင်းသုံးတဲ့ ဒုလ္လဘရဟန်းတွေသာမက ကိုရင်းနဲ့ သီလရှင်လေးတွေကပါ နေ့စဉ် ကျင့်ကြံအားထုတ်ကြပါတယ်။ ဒီကျောင်းတိုက်က သံဃာတော်တွေဟာ ဆွမ်းဘုန်းမပေးမီ တရားထိုင်ခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်းများ အစရှိတဲ့ ထူးခြားတဲ့ အလေ့အထများကို လိုက်နာကြရပြီး သပိတ်နဲ့သာ ဆွမ်းဘုန်းပေးကြပါတယ်။ ကျောင်းတိုက်က ကိုရင်ငယ်နဲ့ သီလရှင်းလေးတွေအတွက် လောကီစာပေ သတင်ကြားတက်မြောက်ဖို့အတွက် ဆရာတော် အရှင်စကြဝဠကိုယ်တိုင် ပြုစုထားတဲ့ သင်ခန်းစာတွေကို ပို့ချသင်ကြားပေးနေပြီး တနေ့မှာ ပရိပတ္တိ ဗုဒ္ဓတက္ကသိုလ်အထိ ထူထောင်ဖွင့်လှစ်ဖို့ အထိ ဆရာတော် အရှင်စကြဝဠာက ရည်ရွယ်ထားပါတယ်။ ဓူတင် (၁၃) ပါး ၁။ ပံသကူ ဓူတင် ၂။ တိစီဝရိက်ဓူတင် ၃။ ပိဏ္ဍပါတ်ဓူတင် (၄) သပဒါနစာရိကဓူတင် (၅) ဧကာသနိကဓူတင် ၆။ ပတ္တပိုဏ်ဓူတင် ၇။ ခလုပစ္ဆာဘတ္တိကဓူတင် (၈) အာရညကင်ဓူတင် (၉) ရုက္ခမူဓူတင် (၁၀) အဗ္ဘောကာသိကဓူတင် (၁၁) သုသာန်ဓူတင် ၁၂။ ယထာသန္တတိဓူတင် ၁၃။ နေသဇ္ဇိကဓူတင် ဓူတင်အကျင့်မြတ်၏ အကျိုးထူးတရားများ ၁။ အလိုနည်း၍ ရောင့်ရဲလွယ်၏။ ၂။ ဆိတ်ငြိမ်ရာသို့ကပ်၍ လူတို့နှင့်မရောပဲ လုံ့လရှိ၏။ ၃။ ကိလေသာကိုပယ်၏။ ၄။ သဘေယမခက်ထန်၊ စဉ်းလဲသော စဉ်းစားမှု မရှိ။ ၅။ လောဘမကြီး၊ ဝမ်းစာကိုမငဲ့၊ အခြံအရံ အကျော်အစောမလို။ ၆။ သဒ္ဓါနှင့် ပြည့်စုံ၏။ သဒ္ဓါ၍ ရဟန်းပြု၏။ ၇။ အို၊ နာ၊ သေ ဘေးလွတ်လို၍ ဘုရားရှင် သာသနာတော်ကို ချီးမြှောက်အံ့ဟု ဓူတင်ဆောက်တည်၏။ နတ်လူတို့ ချစ်မြတ်နိုးအပ်၊ တောင့်တအပ်သည်ဖြစ်၍ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါ လေးပါး၊ ဝိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါး၊ အလုံးစုံသော တရားတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကျေးဇူးတရား အားလုံးနှင့် စပ်၏။ https://www.bawdiwiki.com/?p=176