နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | အောက်တိုဘာလ ၂၇ ရက်
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
0:00 / 0:00
နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | အောက်တိုဘာလ ၂၇ ရက်
2 345 просмотров · 1 дн. назад
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
13,2 тыс. подписчиков
2 345 просмотров · 1 дн. назад
ကျေးဇူးသိတတ်ခြင်းဖြင့် ကြွယ်ဝသောအသက်တာ
https://myanmar-odb.org/2026/10/27/a-...
၂ တိ ၁:၁-၃၊ ၆-၁၀
https://odb-ministries.org/bible/mm/r...
/ myanmar.odb / ourdailybreadmyanmar
ထင်ဟပ်ဖော်ပြချက်
ကျေးဇူးသိတတ်ခြင်းဖြင့် ကြွယ်ဝသောအသက်တာ
ရှင်ပေါလုက တိမောသေအား “ဧဝံဂေလိတရားနှင့်ဆက်ဆံ၍ ဆင်းရဲဒုက္ခကို ခံလော့”(တိမေသေဩဝါဒစာဒုတိယစောင် ၁း၈)ဟူသော ဖိတ်ခေါ်ကမ်းလှမ်းချက်မှာ လူအများစုက လက်မခံဘဲ၊ ရှောင်လွဲလိုသည့်အရာ ဖြစ်သည်။ သခင်ယေရှုကို ယုံကြည်ခြင်းကြောင့် ဒုက္ခခံစားရပြီး အဆင်မပြေမှုများ တွေ့ကြုံကာ သက်သာရာမရသောအခါ ၎င်းကို လက်ခံကြိုဆိုသည်ထက် ကျွန်ုပ်တို့မကြာခဏ ဆန့်ကျင်ခုခံမှုပြုကြသည်။ သို့သော် ကျွန်ုပ်တို့အား ခိုင်ခံ့စေသော အားပေးနှစ်သိမ့်မှုနှင့်မျှော်လင့်ခြင်းကို “ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်”ဟူသည့် သတိပေးကျမ်းချက်တွင် တွေ့ရှိရသည်။ သခင်ခရစ်တော်ကို ယုံကြည်သူများ၌ ၎င်းတို့တွေ့ကြုံရသော အခတ်အခဲစိမ်ခေါ်မှုများထက် သာလွန်သော အစွမ်းအစအရင်းအမြစ်များရှိပါသည်။ ထိုအဖိုးတန်အရည်အချင်းများတွင် ဘုရားသခင်၏”တန်ခိုးတော်”(း၇)၊ ကိုယ်တော်၏ တတ်နိုင်စွမ်းနှင့် ခွန်အားတို့ပါဝင်ပါသည်။ ထို့အပြင် ဘုရားသခင်၏ ဝိညာဥ်တော်သည် ကျွန်ုပ်တို့အထဲတွင် ကျိန်းဝပ်ပါသည်။ “သင်၌အပ်ထားသော အရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် စောင့်ရှောက်လော့။ “(း၁၄၊ း၇ကိုရှု)။ နောက်ဆုံးတွင် ကျွန်ုပ်တို့၏ ဒုက္ခဆင်းရဲခံစားရခြင်းများထဲမှ ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့ကို ခွန်အားဖြည့်ပေးပါသည်။ “သင်သည် ယေရှုခရစ်၌ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။”(၂း၁)။
စာရေးသူ အာသာဂျက်ဆင်