Перейти к содержимому

Khit Thit Afternoon News | 31 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Afternoon News | 31 August 2026

309 553 просмотра · 11 часов назад
Khit Thit Media
3,27 млн подписчиков
309 553 просмотра · 11 часов назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ ရုရှားနည်းပညာနဲ့ နူကလီယားအသေးစား မော်ဂျူလာဓာတ်ပေါင်းဖို (Small Modular Reactor-SMR) တည်ဆောက်ဖို့ စီစဉ်နေရာ ဓာတ်ပေါင်းဖိုတည်ဆောက်ရေး၊ စီမံကိန်းလည် ပတ်ရေးအတွက် လိုအပ်မယ့် ရုရှားနူကလီယားပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ နည်းပညာကျွမ်း ကျင်သူတွေကို နှစ်ရှည် ငှားရမ်း အသုံးပြုရမယ့် ကုန်ကျစရိတ်တွေကိုလည်း မြန်မာနိုင်ငံဘက်က အကုန်အကျခံရမယ်လို့ နှစ်နိုင်ငံ အကြား သဘောတူထားတဲ့ စီမံကိန်းမူဘောင်မှာ ပါဝင်နေတယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က ဩဂုတ်လ ၃၀ ရက်နေ့ တစ်နေ့တာအတွင်း လေကြောင်းက အနည်းဆုံး ၁၇ ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကနေ လွယ်ယင်းမင်္ဂလာတောင်ခြေဘက်ကို လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာ ခါမေနီက ပင်လယ်ကွေ့ဒေသ နိုင်ငံများမှ ခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ရဲ့“ရန်သူအစစ်အမှန်” ဘယ်သူလဲဆိုတာ သေချာစွာ သိရှိနားလည်ကြရန် တိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။