ICC ဖမ်းဝရမ်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ
RFA လွတ်လပ်တဲ့အာရှအသံ
0:00 / 0:00
ICC ဖမ်းဝရမ်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ
1 818 236 просмотров · 1 год назад
RFA လွတ်လပ်တဲ့အာရှအသံ
3,05 млн подписчиков
1 818 236 просмотров · 1 год назад
RFA စကားဝိုင်း
“ICC ဖမ်းဝရမ်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ”
~~~
■ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က နယ်မြေရှင်းလင်းပြီး ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ငါးနှစ်ကြာ စုံစမ်းစစ်ဆေးပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုဆုံးဖြတ်အပြီး ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်က တရားရုံးကို လျှောက်ထားလိုက်တာပါ။ ICC တရားသူကြီးတွေက ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်လိုက်ရင် ICC စာချုပ်ဝင် ၁၂၄ နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဆီးပေးဖို့ တာဝန်ရှိမှာဖြစ်သလို ICC အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကလည်း ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ICC ဖမ်းဝရမ်းနဲ့ နောက်ဆက်တွဲကိစ္စတွေက မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအပေါ် သက်ရောက်မှုရှိနိုင်ပါသလား။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) က ဥပဒေရေးရာ သုတေသီ ဆိုင်း၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေဝေနု နဲ့ Fortify Rights အဖွဲ့က လူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှု အထူးတာဝန်ခံ ဦးဇော်ဝင်း တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။
____________
#ICC #ဖမ်းဝရမ်း #ရိုဟင်ဂျာ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Subscribe ▶ / @rfaburmese
ဝဘ်ဆိုက် ▶ https://www.rfa.org/burmese
မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp
Follow us on:
ဖေ့စ်ဘွတ်ခ် / rfaburmese
တွစ်တာ / rfaburmese
အင်စတာဂရမ် / rfaburmese
တယ်လီဂရမ် https://t.me/rfaburmeseofficial
(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)