သံလွင်မြစ်အနောက်ဘက်ကမ်းက ရသေ့ပျံဂူ | myanmar travel vlog 2026
myanmaradventure traveler
0:00 / 0:00
သံလွင်မြစ်အနောက်ဘက်ကမ်းက ရသေ့ပျံဂူ | myanmar travel vlog 2026
26 641 просмотр · 2 месяца назад
myanmaradventure traveler
74,8 тыс. подписчиков
26 641 просмотр · 2 месяца назад
ဒီ vlog လေးကတော့ ဘားအံမှာလည်ပတ်ခဲ့ကြတဲ့ နောက်ဆုံးနေ့လေးမှာ သံလွင်တံတားတစ်ဖက်ကို သွား
ရောက်ရိုက်ကူးခဲ့ကြတဲ့ ရသေ့ပျံဂူ vlog လေးပဲဖြစ်ပါတယ်။ ကရင်ပြည်နယ်ဟာ ထုံးကျောက်လှိုင်ဂူတွေ ပေါ
များတာနဲ့အညီ ကရင်ပြည်နယ်ရဲ့ နေရာအနှံ့မှာ နာမည်ကျော် ထုံးကျောက်လှိုင်ဂူတွေလည်း အများအပြားတည်ရှိပါတယ်။
ဆဒ္ဒန်ဂူ၊ ဘုရင့်ညီဂူ၊ ကော့ကသောင်ဂူနဲ့ ယခု ရသေ့ပျံဂူများဟာလည်း ကရင်ပြည်နယ်ရဲ့ နာမည်ကျော် ထုံး
ကျောက်ဂူများပဲဖြစ်ပါတယ်။ ယခုတင်ပြမယ့် ရသေ့ပျံဂူကတော့ ကြီးမားတဲ့ထုံးကျောက်ဂူကြီးဖြစ်တဲ့အပြင် ရှေးဟောင်းအမွေအနှစ်တွေ တည်ရှိနေတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုလည်းဖြစ်တာကြောင့် အမျိုးသားယဉ်ကျေးမှု ဦးစီးဌာန၊ ရှေးဟောင်းသမိုင်းဦးစီးဌာနက သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ထိန်းသိမ်းထားတဲ့ ရှေးဟောင်းသမိုင်းဝင်ထုံးကျောက်ဂူကြီး တစ်ခုလည်းဖြစ်ပါတယ်။
ဒါကြောင့် အခုလို ရှေးကျပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ ရသေ့ပျံဂူရဲ့ အလှအပနဲ့ ဂူအတွင်းပိုင်းဖွဲ့စည်းမှုတွေကို ကျွန်တော်တို့နဲ့အတူတူ လိုက်ပါကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
#ရသေ့ပျံဂူ #myanmaradventuretraveller #ခရီးသွားဘလော့ #adventuretraveller