လွှတ်တော်အတည်ပြုချက် မယူခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ - ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဥ်
BBC News မြန်မာ
0:00 / 0:00
လွှတ်တော်အတည်ပြုချက် မယူခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ - ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဥ်
167 407 просмотров · Трансляция закончилась 4 дня назад
BBC News မြန်မာ
2,75 млн подписчиков
167 407 просмотров · Трансляция закончилась 4 дня назад
စက်တင်ဘာ ၁၉ ရက် စနေနေ့
ပြီးခဲ့တဲ့ သီတင်း ၆ ပတ်အတွင်း စစ်တပ်ရဲ့ စစ်သင်္ဘော အစင်း ၂၀ ကျော်ကို ဖျက်စီး တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ ပြော။
ဂရန်မြေပေါ်မှာသာ အထပ်မြင့် ဆောက်ခွင့်ရတော့မှာမို့ တိုက်ခန်း သစ်တွေ ထွက်ပေါ်လာနိုင်မယ့်အလားအလာ နဲ့ စျေးကွက်အကြောင်း။
လွှတ်တော်ခွင့်ပြုချက် မရသေးဘဲ ပြည်ထဲရေးဝန်ကြီး အဖြစ် ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်ပြီး ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကို စစ်ဘက် မူလတာဝန်တွေ ပြန်ပေး။
အမေရိကန်နဲ့ ဒိန်းမတ်ကြား ဂရင်းလန်းဒေသနဲ့ ပတ်သက်လို့ ရေရှည်အငြင်းပွားမှုတစ်ရပ်ကို ဖြေရှင်းပေးတဲ့ သဘောတူညီချက်တစ်ရပ်ကို ကြေညာပြီးနောက် နေတိုးအဖွဲ့ဟာ အာတိတ် ဒေသလုံခြုံရေးကို အဓိက ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ ပြော။
ယူကရိန်းအပေါ် ဆက် စစ်ဆင်နွှဲနေတာကြောင့် ရုရှားကိုကျယ်ပြန့်တဲ့ အရေးယူ ပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့ ခွင့်ပြုတဲ့ ဥပဒေမူကြမ်းကိုလက်မှတ်ထိုးပေးလိုက်လို့ သမ္မတ ထရမ့်ကို ကျေးဇူးတင်တယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ပြော။
ရုရှားအစိုးရနဲ့နီးစပ်တဲ့ ရုရှားစီးပွားရေးသမားတယောက်ဟာ ဘဟားမားမှာ ကျင်းပခဲ့တဲ့ ဒေါ်နယ်ထရမ့် ဂျူနီယာရဲ့ နှစ်ရက်စာ မင်္ဂလာပွဲကို စိုက်ထုတ် ကျင်းပပေးခဲ့တာနဲ့ပတ်သက်လို့ ဒီမိုကရက်တွေက စုံစမ်းစစ်ဆေးနေချိန်မှာ သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာဟာ သူ့မင်္ဂလာပွဲ ကုန်ကျစရိတ် ပြန်ဆပ်သွားမယ်လို့ ပြောကြောင်း သမ္မတ ထရမ့်က ဆိုပါတယ်။
နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ပါလက်စတိုင်း အရာရှိတွေကို ဗီဇာထုတ်ပေးဖို့ ငြင်းခဲ့တဲ့ အမေရိကန် အစိုးရ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဥရောပသမဂ္ဂကပြော။
အာရှ အားကစားပွဲတော်မှာ တောင်ကိုရီးယားနဲ့ ဘင်္ဂလားဒေ့ရှ် ကစားပွဲ မစခင် မြောက်ကိုရီးယား နိုင်ငံတော် သီချင်းဖွင့်မိလို့ ကန့်ကွက်ခံရ
အင်ဒိုနီးရှား တောမီးကို ကူငြိမ်းပေးဖို့ မလေးရှားက လေယာဉ်တစင်းနဲ့ မီးသတ် အယောက် ၅၀ ကျော် စေလွှတ် ကူညီ
ပါကစ္စတန်မှာ ကားဗုံးဖောက် တိုက်ခိုက်ပြီး အနားက ရဲစခန်း ဝင်စီးခဲ့လို့ လူ ၃၀ သေဆုံး
တဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://bbc.in/36EzLXM
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://bbc.in/2TSNLYZ
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
#ဘီဘီစီမြန်မာပိုင်း