🌧️ လွမ်းဆွတ်ခြင်းမိုးတွေ မစိုပါစေနဲ့ ... ☂️✍️ မျိုးထူးထက် ✍️
myo htoo htet - မျိုးထူးထက်
0:00 / 0:00
🌧️ လွမ်းဆွတ်ခြင်းမိုးတွေ မစိုပါစေနဲ့ ... ☂️✍️ မျိုးထူးထက် ✍️
27 просмотров · 4 дня назад
myo htoo htet - မျိုးထူးထက်
3,37 тыс. подписчиков
27 просмотров · 4 дня назад
☔ 🎈 🌧️ ☂️ //////// ☂️ 🌧️ 🎈 ☔
လွမ်းဆွတ်ခြင်းမိုးတွေ မစိုပါစေနဲ့ ...
မျိုးထူးထက်
☔ 🎈 🌧️ ☂️ //////// ☂️ 🌧️ 🎈 ☔
ချစ်စရာ မကောင်းတာကိုတော့
ချစ်စရာကောင်းပါတယ်ရယ်လို့
ကံတစ်ပါး အကျိုးအပေါက်ခံပြီး
ငါက ... မလိမ်ညာချင်သူပါကွဲ့ ... ။
ပြုံးနေရင် ကြင်နာမယ့်ပုံပေါ်ပြီး
တိတ်ဆိတ်ငြိမ်သက်နေရင်တောင်
ကြည်လင်ခြင်း အဆင်းနဲ့မို့
ငါ့ရင် ကတုန်ကယင်ဖြစ်တာ
အဆန်းလို့ မဆိုသာပါဘူးကွယ် ... ။
ဖရိုဖရဲ စိတ်ကူးအချိုးအဆစ်တွေနဲ့
နာမကျန်းလေတဲ့ နှလုံးသားလေး
အကြောင်းသင့်လို့ လက်ဆုံကျတော့
ဖျော့ရော့ရော့ ရင်ခုန်သံက
အနာအဖျားတိုးတာပေါ့ကွဲ့ ... ။
ထိန်းညှိလို့ မစွမ်းသာလေသော
အချိန်တွေ တဖြုတ်ဖြုတ်ကြွေရင်း
ဟိုးဝေးဝေး မျှော်ငေးနေချိန်မှာ
တချို့ပြကွက်များက
တဆိတ် မြန်လွန်းနေပါရဲ့ကွယ် ... ။
အဆီအငေါ်မတည့်ခဲ့ ပြယုဂ်များနဲ့
မေ့လွယ်ပျောက်လွယ် ဖြစ်ဖို့အရေး
ဘာသာ သံပတ်ပေးနေရတာလည်း
အချိန်တွေ လေလွင့်တုန်းပါကွဲ့ ... ။
အဲဒီဘက်မှာရော ...
အတွေးနယ်ချဲ့တာ ပျောက်အောင်
မိုးက သည်းသည်းလှုပ်လှုပ်ကို
ရွာနေတုန်းပဲလားလေ ...
လွမ်းဆွတ်ခြင်း မိုးရေတွေတော့
ထပ်မစိုပါစေနဲ့ကွယ် ... ။ ။
(တကယ်)
မျိုးထူးထက်
☔ 🎈 🌧️ ☂️ //////// ☂️ 🌧️ 🎈 ☔
#myohtoohtet
#poem
#art
#positivevibes
#flyp