နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | အောက်တိုဘာလ ၁၅ ရက်
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
0:00 / 0:00
နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | အောက်တိုဘာလ ၁၅ ရက်
2 734 просмотра · 10 дн. назад
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
13,2 тыс. подписчиков
2 734 просмотра · 10 дн. назад
မျှော်လင့်ချက်ကို ရှာဖွေခြင်း
https://myanmar-odb.org/2026/10/15/se...
ရောမသြဝါဒစာ ၁၅:၅-၁၃
https://odb-ministries.org/bible/mm/r...
/ myanmar.odb
/ ourdailybreadmyanmar
ထင်ဟပ်ဖော်ပြချက်
မျှော်လင့်ချက်ကို ရှာဖွေခြင်း
ရောမဩဝါဒစာ ၁၅ တွင် သခင်ယေရှုကို ယုံကြည်သူများ၏စည်းလုံးမှုအတွက် အခြေခံမှာ “ယေရှုခရစ်၏ အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်းရှိ”ရန်ဖြစ်သည်(၅-၆)။ စိတ်တညီတညွတ်တည်း ဖြစ်ခြင်းသဘောကို ယုံကြည်မှုတူညီခြင်း၊ နောက်ခံတူညီခြင်း၊ အကြိုက်တူခြင်း စသည်တို့၌ မဟုတ်ဘဲ၊ ကိုယ်တော်၏ကိုယ်ကျိုးစွန့်သော မေတ္တာစံနမူနာကို နာခံလိုက်လျှောက်ခြင်း၌ တွေ့ရှိရပါသည်။ စိတ်တညီ တညွှတ်တည်း ရှိခြင်း၏ရည်ရွယ်ချက်ပန်းတိုင်မှာ ဝတ်ပြုကိုးကွယ်ရန်ဖြစ်သည်။ “သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေ”ရန်(၅) ဖြစ်သည်။ စင်စစ် စိတ်တညီတညွတ်တည်းဖြစ်ခြင်းကိုက ဝတ်ပြုကိုးကွယ်ခြင်းပုံစံတစ်ခုဖြစ်သည်။ “'ခရစ်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်အတွက် သင်တို့ကိုလက်ခံသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကိုတစ်ဦးလက်ခံကြလော့”(၇- ခေတ်သုံး)။
ရောမဩဝါဒစာသည် အထူးသဖြင့် ယုဒလူမျိုးနှင့်တစ်ပါးအမျိုးသားတို့၏စိတ်တညီတညွတ်တည်းဖြစ်ခြင်းကို ဗဟိုပြုထားသည်။ ယုဒလူမျိုးနှင့်တစ်ပါးအမျိုးသားတို့ ဘုရားသခင်ကို အတူတကွ ဝတ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်၏ကတိတော်ကို ပြည့်စုံစေခြင်းဖြစ်ကြောင်း(၈-၁၂) တမန်တော်ကြီးက အလေးအနက်ဖော်ပြသည်။ ယနေ့တွင် ကျွန်ုပ်တို့လည်း ဝမ်းမြောက်သက်သာခြင်အမျိုးမျိုးတို့နှင့် ပြည့်စုံစေသည့် မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်အား အခြားသောယုံကြည်သူတို့နှင့်အတူ ဝတ်ပြုကိုးကွယ်နိုင်ပါသည်(၁၃)။
စာရေးသူ မိုနီကာလာရို့စ်