Перейти к содержимому

WAB ၅ နှစ်ပြည့်—အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍ ဘယ်လောက်ပြောင်းလဲလာပြီလဲ Iချစ်သောအညာမြေ Ep - 94

MizzimaTV

0:00 / 0:00

WAB ၅ နှစ်ပြည့်—အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍ ဘယ်လောက်ပြောင်းလဲလာပြီလဲ Iချစ်သောအညာမြေ Ep - 94

3 159 просмотров · 17 часов назад
MizzimaTV
3,34 млн подписчиков
3 159 просмотров · 17 часов назад
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အမျိုးသမီးတွေရဲ့ နိုင်ငံရေးနဲ့ လူမှုရေးအခန်းကဏ္ဍဟာ ပိုမိုထင်ရှားလာခဲ့ပါတယ်။ တဖက်မှာလည်း ပဋိပက္ခနဲ့ စစ်ဘေးဒဏ်တွေကြား အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အခြားသော စိန်ခေါ်မှုတွေ ဆက်လက်ရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြား အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှု၊ အမျိုးသမီးအခွင့်အရေးနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်တွေကို အလေးထား လှုပ်ရှားလာတဲ့ အမျိုးသမီးမဟာမိတ်အင်အားစု Women Alliance Burma — WAB ဟာ ယခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာ ငါးနှစ်ပြည့်မြောက်လာပြီ ဖြစ်ပါတယ်။ ဒီ ငါးနှစ်အတွင်း WAB ဘာတွေကို ဖြတ်သန်းခဲ့ရသလဲ၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဘာတွေပြောင်းလဲလာသလဲ၊ WAB ကိုယ်တိုင် ဘာတွေ အောင်မြင်ခဲ့ပြီး ဘာတွေ မအောင်မြင်သေးသလဲဆိုတာနဲ့ ရှေ့လာမယ့် ငါးနှစ်အတွက် ဘယ်လိုမျှော်မှန်းထားသလဲဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးဖို့အတွက် WAB ရဲ့ အတွင်းရေးမှူး မချောစုစံကို ဖိတ်ခေါ်ပြီး ကိုနောင်နောင်က ဆွေးနွေးထားပါတယ်။ #wab #အမျိုးသမီး #မချောစုစံ #ချစ်သောအညာမြေ #MizzimaEAE ----------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV :    / @mizzimanewstv   One link to follow all Mizzima platforms: https://mizzima.carrd.co