Khit Thit Evening News | 23 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 23 October 2026
291 814 просмотров · 10 часов назад
Khit Thit Media
3,31 млн подписчиков
291 814 просмотров · 10 часов назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပုံရပေမယ့် လက်အရွတ်ရောင်ရမ်းတဲ့ ဝေဒနာရှိနေပြီး ကိုယ်ပိုင်ဆရာဝန်နဲ့ဆေးကုသခွင့်မရဘဲ စစ်တပ်ဆရာဝန်က သာ ကျန်းမာရေး စစ်ဆေးပေးတယ်လို့ သားဖြစ်သူ ကိုထိန်လင်းခေါ် ကင်မ်အဲရစ်က RFA နဲ့ AFP သတင်း အင်တာဗျူးတွေမှာ ပြောကြားထားပါတယ်။
စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာက စစ်တပ်နဲ့ SNA ပူးပေါင်း အထိုင်စခန်းကြီးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး ၊ ဗန်းမော်၊ မိုးမိတ်နဲ့ အင်းတော်ကြီးဘက်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ခေါင်မှာ ဒီကနေ့ အောက်တိုဘာလ ၂၃ ရက်နေ့မနက်ပိုင်းကပဲ ဗုံးတွေ ကျရောက်ပေါက်ကွဲပြီး ပြည်သူတွေပါ ထိခိုက်သေဆုံးမှုရှိထားတဲ့အပြင် လူနာတင် ယာဉ်တွေနဲ့ပါ ဝရုန်းသုန်းကားတွေဖြစ်ခဲ့တယ်လို့ ဒေဿခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာကြပါတယ်။
အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေမြင့်တက်နေတဲ့အချိ်န်မှာပဲ အီရန်စစ်တပ်အကြီးအကဲက စစ်ပွဲအတွက် အသင့်ဖြစ်နေပြီလို့ ပြောလာပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
You sent