Перейти к содержимому

ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း ပါချုပ်ဆရာတော် အတွဲ ၂ ပဉ္စမပိုင်း နိဂုံးပိုင်း

‌ဗုဒ္ဓ ၏ ဘဝနေထိုင်နည်း

0:00 / 0:00

ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း ပါချုပ်ဆရာတော် အတွဲ ၂ ပဉ္စမပိုင်း နိဂုံးပိုင်း

67 просмотров · 16 ч назад
‌ဗုဒ္ဓ ၏ ဘဝနေထိုင်နည်း
230 подписчиков
67 просмотров · 16 ч назад
လူ့ရဲ့စိတ်ဓာတ်ဟာ တော်တော်ထူးဆန်းတယ်၊ ကျွန်ဆုပဲ တောင်းသည့်အတွက်ကြောင့် ကျွန်ပဲ ပြန်ဖြစ်တယ်၊ တကယ်ကတော့ ဆုတောင်းမယ်ဆိုရင် သူစိတ်ညွှတ်လိုက်မယ်ဆိုရင် ဒီထက် အဆင့်သာအောင် ဆုတောင်းပေါ့၊ အဲဒါကို သတိထားရမယ်၊ မကောင်းတဲ့ နိမ့်ကျတဲ့ ဒီဆန္ဒတွေကို မမွေးမြူရဘူး၊ မြင့်မြင့်ကြံဖို့ လိုတယ်ပေါ့နော်။ ပြောချင်တော့ ပြောမှာပေါ့ - “လူနေ ခြုံကြား၊ စိတ်နေ ဝတိံဘုံဖျား” လို့၊ ဒါပေမဲ့ စိတ်နေ ဝတိံဘုံဖျားက ပိုကောင်းတယ်၊ နို့မို့ဆို ခြုံကြားထဲက ထွက်မှာ မဟုတ်ဘူး၊ လူရဲ့စိတ်ဓာတ် မှာ တွယ်တာမှုက အင်မတန်မှ ထူးဆန်းတယ်။ မဂ္ဂဇင်းတစ်စောင်မှာပါတဲ့ ဇာတ်လမ်းတစ်ပုဒ် မဂ္ဂဇင်းတစ်စောင်ထဲမှာ ဖတ်ဖူးတယ်၊ တကယ့်အဖြစ်အပျက် ဖြစ်ကောင်း ဖြစ်နိုင်တယ်ပေါ့နော် - ရန်ကုန်မြို့က ရွှေတိဂုံဘုရားပေါ်မှာ တန်ဆောင်းကြီးဆောက်လှူတဲ့ သူဌေးကြီးတစ်ယောက် အကြောင်းကို ရေးထားတာ ဖတ်ဖူးတယ်၊ အဲဒီသူဌေးက ရွှေတိဂုံဘုရားမှာ တန်ဆောင်းဆောက်လှူပြီး ဘုရားကိုနေ့စဉ်လာပြီး ဆုတောင်းတယ်တဲ့၊ “ဘုရားအလောင်းတွေ ပျော်စံတဲ့ တုသိတာနတ်ပြည်မှာ ဖြစ်ရပါလို၏” လို့ အမြဲတမ်းဆုတောင်းတယ်၊ ဒါသူ့ဆုတောင်း။ အဲဒီအချိန်က မြန်မာပြည်ကို အင်္ဂလိပ်အုပ်စိုးနေတဲ့အချိန်ပေါ့၊ အင်္ဂလန်ကပြန်လာတဲ့လူတွေက (အဲဒီတုန်းကတော့ ဘိလပ်ပြန်လို့ ခေါ်တာပေါ့နော်၊) “ဟာသူဌေးမင်း - တုသိတာနတ်ပြည် ဆိုတာ ခင်ဗျားလည်း မြင်ဖူးတာ မဟုတ်ဘူး၊ ဘယ်မှန်းလဲ မသိဘူး၊ အဲဒါ ဆုတောင်းမနေနဲ့ ဘိလပ်ကမှ တကယ့်နတ်ပြည်ဗျ၊ ဘိလပ်ကို ဆုတောင်း” ဆိုတော့ စိတ်ပြောင်းသွားတယ်၊ “သူတို့ပြောတာ ဟုတ်ကောင်း ဟုတ်လိမ့်မယ်၊” အင်္ဂလန်ဆိုတာ ဘယ်လောက်ကောင်းတာ၊ နိုင်ငံကြီးက ဘယ်လောက်ကြီးကျယ်တာ၊ ဘယ်လိုတိုးတက်တာနဲ့ ပြောတော့ သူစိတ်ပါသွားပြီး အင်္ဂလန်ဖက် စိတ်ညွှတ်သွားတယ်၊ သေတဲ့အခါ အင်္ဂလန်သွားဖြစ်တယ်တဲ့။ ဒါ “ဥပါဒါနပစ္စယာ ဘဝေါ” ကို ပြောတာနော်၊ စိတ်တွေ စေတနာတွေက အဲဒီဘက်ကို ဦးလှည့်သွားတာ၊ အဲဒီလို အင်္ဂလန်သွားဖြစ်ပြီး တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ ကျောင်းတက်တယ်၊ အဲဒီမှာ မြန်မာကျောင်းသားတစ်ယောက်မှာ ရွှေတိဂုံဘုရားပုံတော်တစ်ခု ပါလာတယ်၊ တစ်နေ့ကျတော့ ရွှေတိဂုံဘုရားပုံ အမှတ်မထင် မြင်လိုက်တော့ သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်၊ ဒါ ဘယ်ကလဲ မေးတော့ မြန်မာပြည်ကလို့ ပြောတယ်၊ ရွှေတိဂုံဘုရားပုံ သူ့မျက်စိထဲက မထွက်ဘူး၊ ဒါနဲ့ သူ မြန်မာပြည်လာတယ်။ မြန်မာပြည်လာအခါ အဲဒီခေတ်က သင်္ဘောနဲ့ လာကြရတယ်၊ လာရင်းကနေ ရွှေတိဂုံဘုရားမြင်တဲ့အခါကျတော့ သူ့စိတ်ထဲမှာ အတိတ်ဘဝက ပုံရိပ်တွေ ပေါ်လာတယ်၊ မြန်မာပြည်မှာ သူ့သားတစ်ယောက် ရှိတယ်ဆိုတာပါ မှတ်မိလာတယ်၊ တဖြည်းဖြည်းချင်း ပေါ်လာတယ်၊ နောက်ဆုံး ရွှေတိဂုံဘုရားပေါ် ရောက်သွားပြီးတော့ သူဘယ်သူဆိုတာပါ စိတ်ထဲ ပေါ်လာတယ်တဲ့၊ သူ့သားကို ခေါ်ခိုင်းတယ်။ သူနဲ့ အတူလာတဲ့ အင်္ဂလိပ်ကတော့ စိတ်ပျက်နေပြီ၊ “ဒီကောင်တော့ ရူးသွားပြီ” လို့၊ သားခေါ်ခိုင်းပြီး တွေ့လည်းတွေ့ရော ဖက်ငိုတယ်တဲ့၊ သူက သူ့လျှို့ဝှက်ချက်ကို ပြောတယ်၊ ဘုရားရုပ်ထုရဲ့ ပလ္လင်ထဲမှာ အဖိုးတန်ပတ္တမြားတစ်လုံးကို မြှုပ်နှံပြီး ဘုရားကို ပူဇော်ထားတာ ရှိတယ်၊ အဲဒါကို သူသတိရတယ်၊ “မင်းတို့ ငါ့ကို မယုံလို့ရှိရင် ဒီအောက်မှာ ပတ္တမြားရှိတယ်၊ ငါ သက်သေပြတဲ့အနေနဲ့ တူးကြည့်”ဆိုတော့ ဂေါပကတွေနဲ့ ညှိနှိုင်းပြီးတော့ အဲဒီပလ္လင်ကို တူးကြတယ်၊ အဲဒီပတ္တမြား တွေ့တယ်တဲ့၊ သူဟာ မြန်မာပြည်က မပြန်တော့ဘူးတဲ့၊ မြန်မာပြည်မှာပဲ အသက်ဆုံးသည်အထိ နေသွားတယ်လို့ ပြောတယ်။ ဒါ True story လား၊ ပုံပြင်လားတော့ မသိဘူး၊ ရေးထားတာတော့ စိတ်ဝင်စားစရာပဲ၊ အဲဒီအတိုင်း ဖြစ်နိုင်ချေကတော့ ရှိတာပေါ့နော်၊ တကယ် ဖြစ်နိုင်ချေ ရှိတယ်။ ဘဝဆိုတာ ဆက်တိုက် ဖြစ်တတ်တယ် ဘဝဆိုတာ ဆက်တိုက် ဆက်တိုက် ဖြစ်တတ်တယ်၊ မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာ ရွှေပန်းတိမ်သည်သားလေးဟာ ဘဝ-၅၀၀ ရွှေပန်းတိမ်သည်ချည်းပဲ ဖြစ်တယ်လို့ ဒီလိုဟောတာ၊ ဥပသာဠက ပုဏ္ဏားကြီးလည်း သေပြီး သူ့အလောင်း ဒီနေရာမှာ မြှုပ်တာချည်းပဲ၊ ဥပသာဠက ဆိုတဲ့နာမည်နဲ့ ဘဝ-၅ဝဝ ရှိပြီတဲ့၊ ဒီသင်္ချိုင်းကို သူသဘောကျတာ၊ လူဆိုတာက အမျိုးမျိုးပဲ၊ သူသေရင် ဒီနားမြှုပ် ဆိုတာ သင်္ချိုင်းသဘောကျတာ ခေါ်တာပေါ့၊ အဲဒီလို လူတွေမှာ တွယ်တာမှုလေးတွေ ရှိလို့ ဖြစ်တယ်။ စစ်ကိုင်းကျောင်းက ဦးဇင်းတစ်ပါး နောက် စဉ်းစားစရာတစ်ခု ပြောပြမယ်၊ ဘုန်းကြီးတို့ စစ်ကိုင်းကျောင်းမှာ ဦးဇင်းတစ်ပါး ရှိတယ်၊ တစ်ရက်ကျတော့ သူ့ခေါင်းမှာ အနာရွတ်ကြီးတွေ မြင်လို့ မေးမိတယ်၊ “ဘယ်သူက ခေါင်းရိုက်ထားလို့ ဒီအနာရွတ်ဖြစ်နေတာလဲ” မေးတော့ “မဟုတ်ဘူးဘုရား” တဲ့၊ “မွေးရာပါ” တဲ့၊ အနာရွတ်က မွေးရာပါ ရှိတယ်။ ဘယ်လိုဖြစ်တာတုန်းဆိုတော့ ဟိုဘဝတုန်းက သူက တံငါသည်တဲ့၊ အင်းစောင်းက တံငါတဲလေးမှာ နေတာတဲ့၊ ညကျတော့ ဓားပြလာတိုက်ပြီး သူ့ကို ရိုက်သတ်သွားတာတဲ့၊ ခေါင်းမှာ အနာရွတ်ကြီး၊ အဲဒီအနာရွတ်ကြီးက ဒီဘဝအထိပါလာတာ၊ အဲဒါ ဘာဖြစ်လို့ ပါလာတုန်း ဆိုလို့ရှိရင် ခုနက စိတ်စွဲလမ်းမှုတွေပဲ။ အေး တချို့ကျတော့- ခြေထောက်လေးတွေ ပြတ်နေတာ၊ လက်လေးတွေ ပြတ်နေတာ၊ သိပ္ပံနည်းအရ ဘာဓာတ်မပြည့်စုံလို့လို့ ပြောကြမှာပေါ့နော်၊ တကယ်တော့ စိတ်စွဲလမ်းမှုကြောင့် ဖြစ်တာပေါ့၊ ဆိုပါစို့ - လူသတ်ခံရတဲ့လူက သူမသေခင် လက်တွေ အရင်ဖြတ်တယ်၊ “ငါ့လက်ကြီးပြတ်သွားပြီ” “လက်မရှိတော့ဘူး” ဆိုတဲ့စိတ်စွဲလမ်းမှုကြီးနဲ့ သေသွားတဲ့အခါ ဒီဘဝမှာလည်း လက်ပြတ်ကြီး ဖြစ်နေတယ်၊ စိတ်ရဲ့စွဲလမ်းမှုက အဲဒီလောက် ပြင်းထန်တယ်လို့ ပြောတာ၊ ဒါလည်း “ဥပါဒါနပစ္စယာ ဘဝေါ” ထဲမှာ ပါတာပဲပေါ့။