Перейти к содержимому

Khit Thit Morning News |7 November 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News |7 November 2026

40 920 просмотров · 2 ч назад
Khit Thit Media
3,31 млн подписчиков
40 920 просмотров · 2 ч назад
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ MNDAA ထံ လက်နက်ချခဲ့တာကြောင့် စစ်ခုံရုံးက သေဒဏ်ချမှတ်ထားတဲ့ ဗိုလ်မှူးချုပ်ဟောင်း ထွန်းထွန်းမြင့်ကို ထားဝယ်အကျဉ်းထောင်မှာ အခြား အကျဉ်းသားတွေထက် အထူးအခွင့်အရေးပေးထားပြီး တနင်္သာရီတိုင်းရဲမှူးကြီး မြင့်ထွန်းက လိုအပ် တာတွေ ဖြည့်ဆည်းပေးနေတယ်လို့ ထောင်နဲ့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဖွင့်ထားတဲ့ မြန်မာအလုပ်သမားတွေအတွက် CI စင်တာတွေကို ဖျက်သိမ်းမှာမဟုတ်ဘဲ မြန်မာအလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက မိသားစုထံ ပြန်လွှဲခိုင်းတာနဲ့ CI ထုတ်ပေး ရာမှာ လွန်ခဲ့တဲ့ ၃ လကနေ ၆ လအထိ လစာမှတ်တမ်းတွေ ပြန်တောင်းစစ်တာတွေကို ထိုင်းအစိုးရက မသင့်တော်ဘူးလို့ ယူဆထားပြီး မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာသံရုံးထံ တရားဝင်ကန့်ကွက်စာ ပေးပို့သွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမ်အိုရမ်ဝီဝပ် က နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။ -စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်း၊ လျှော်ဖြူကုန်းကျေးရွာ ပြည်သူ့ဆေးရုံကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမေရိကန်မှာ AI နည်းပညာလုပ်ငန်းတွေအပေါ် စည်းမျဉ်းတွေ ပိုတင်းကျပ်လာနိုင်ပြီး ဒေတာစင်တာ တည်ဆောက်မှုတွေ နှေးကွေးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် နည်းပညာကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေ အပြင်းအထန်ကျဆင်းပြီး အာရှဈေးကွက်တွေကိုပါ ရိုက်ခတ်လာတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။