Перейти к содержимому

တိုက်ပွဲရုပ်သံမှတ်တမ်း ထုတ်ပြန်ချက်

PVTV Myanmar

0:00 / 0:00

တိုက်ပွဲရုပ်သံမှတ်တမ်း ထုတ်ပြန်ချက်

69 889 просмотров · 16 часов назад
PVTV Myanmar
799 тыс. подписчиков
69 889 просмотров · 16 часов назад
တိုက်ပွဲရုပ်သံမှတ်တမ်း ထုတ်ပြန်ချက် (၁) ဧရာဝတီမြစ်ကြောင်း စစ်မျက်နှာနှင့် မကွေးတိုင်း တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်၏ ထောက်ပို့ရေယာဉ်များ၊ လက်နက်နှင့် ရိက္ခာတင် မော်တော်ယာဉ်များအပြင် ရန်သူ့တပ်သားများကို FPV ဒရုန်းများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည့် တိုက်ပွဲရုပ်သံမှတ်တမ်းအချို့ကို ထုတ်ပြန်အပ်ပါသည်။ (၂) အကြမ်းဖက်စစ်တပ်သည် စစ်ကြောင်းထိုး ဝင်ရောက်ရာ နယ်မြေအသီးသီးတွင် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို နည်းလမ်းပေါင်းစုံဖြင့် ဖျက်ဆီးလျက်ရှိပါသည်။ အဆိုပါ အကြမ်းဖက်လုပ်ရပ်များဘေးမှ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အရင်းအမြစ် ကန့်သတ်ချက်များကြားမှပင် အစွမ်းကုန် ခုခံကာကွယ်လျက် ရှိပါသည်။ (၃) အကြမ်းဖက်စစ်တပ်သည် စစ်မျက်နှာတိုင်းတွင် အထိအခိုက်၊ အကျအဆုံး အလွန်များပြားနေပြီး အများစုမှာ တရားမဝင် စုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်း လူငယ်လူရွယ်များ ဖြစ်ပါသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ဆုံးရှုံးသွားသော အမာခံတိုက်ခိုက်ရေးအင်အားနှင့် ပြည်သူ့စစ်မှုထမ်းများနေရာတွင် အစားထိုးရန် လူသစ်စုဆောင်းခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြု ရှောင်ရှားကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ (၄) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် စစ်မျက်နှာအသီးသီးတွင် အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်လျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီဖေးမပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ