Перейти к содержимому

⁨မန္တလေးမြို့အနီး ဧရာဝတီမြစ်ရိုး ရေလယ်ကျွန်းရွာတွေကို စစ်အုပ်စု ဗုံးပတ်ကြဲ

Mandalay Free Press - MFP

0:00 / 0:00

⁨မန္တလေးမြို့အနီး ဧရာဝတီမြစ်ရိုး ရေလယ်ကျွန်းရွာတွေကို စစ်အုပ်စု ဗုံးပတ်ကြဲ

2 154 просмотра · 20 часов назад
Mandalay Free Press - MFP
339 тыс. подписчиков
2 154 просмотра · 20 часов назад
⁨မန္တလေးမြို့အနီး ဧရာဝတီမြစ်ရိုး ရေလယ်ကျွန်းရွာတွေကို စစ်အုပ်စု ဗုံးပတ်ကြဲသတ်ဖြတ်လို့ ⁨ပြည်သူ အမျိုးသမီး သုံးဦး သေဆုံး၊ PDF ရှိနိုင်လို့ လေကြောင်းရှင်းလင်းတာဖြစ်ပြီး ပြည်သူထိတယ် မအော်ကြဖို့ စစ်အုပ်စုက ပြော၊ Phoenix/MFP၊ အောက်တိုဘာ - ၁၇ မန္တလေးမြို့အနီး၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်အတွင်း၊ ရေလယ်ကျွန်းရှိ မိုးကြိုးရွာ၊ ရေလယ်ကျွန်းရွာနဲ့ အိုင့်ဒိုင်ရွာတို့ကို မနေ့က ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ရာ ဒေသခံပြည်သူ အမျိုးသမီးကြီး သုံးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိကာ အိုးအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီကျော်အချိန် တံတားဦးက ပျံတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ အဆိုပါ ရေလယ်ကျွန်းကျေးရွာတွေပေါ် စစ်အုပ်စုက လေးကြိမ် ဗုံးပတ်ကြဲခဲ့တာပါ။ ဗုံးထိမှန်လို့ မိုးကြိုးရွာက အသက် ၇၈ နှစ်အရွယ် အဖွားတစ်ဦး၊ အိုင့်ဒိုင်ရွာက အသက် ၄၀ ကျော်နဲ့ ၆၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးခဲ့ပါတယ်။ “အခု လေကြောင်းတိုက်ခိုက်သွားတဲ့ နေရာတွေမှာ စစ်ရေးဖော်ဆောင်မှုလည်း မရှိသလို စစ်ပွဲဖြစ်တာ၊ တိုက်ခိုက်မှု ဖြစ်တာတွေလည်း မရှိခဲ့ပါဘူး” လို့ မတ္တရာမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။ စစ်အုပ်စုက ဗုံးပတ်ကြဲလို့ မိုးကြိုးရွာမှာ အဖွားတစ်ဦး သေဆုံးကာ အမျိုးသမီး လေးဦးနဲ့ အမျိုးသား တစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ အိုင့်ဒိုင်ရွာမှာလည်း ဗုံးထိမှန်လို့ အသက် ၄၀ ကျော်နဲ့ ၆၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦးတို့ ဒဏ်ရာရခဲ့ပြီး ဆေးကုသနိုင်ဖို့ ကြိုးစားရင်းဒဏ်ရာကြောင့် နှစ်ဦးလုံး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မိုးကြိုးရွာမှာ နေအိမ် သုံးလုံး ပျက်စီးသလို အိုင့်ဒိုင်နဲ့ ရေလည်ကျွန်းရွာမှာလည်း နေအိမ်တွေ ထိခိုက်ပျက်စီးကာ ကျွဲ၊နွားတွေ သေဆုံးတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့အနီး ရေလယ်ကျွန်းရွာတွေကို ဗုံးပတ်ကြဲသတ်ဖြတ်တာနဲ့ ပတ်သက်ပြီး အဲ့ဒီရွာတွေမှာ PDF တွေ ရှိနိုင်လို့ လေကြောင်းရှင်းလင်းတာ ဖြစ်ပြီး ထိခိုက်သူတွေဟာလည်း PDF တွေသာဖြစ်ပြီး ပြည်သူဆိုပြီး မအော်ကြဖို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် လေးနှစ်ကြာ မစိုးမိုးမထိန်းချုပ်နိုင်တဲ့ မတ္တရာနယ် ရေလယ်ကျွန်းကျေးရွာတွေ ပြန်ရရေး ပြီးခဲ့တဲ့ ၂၀၂၅ အတွင်း စစ်သင်္ဘော၊ တိုက်လေယာဉ်တွေနဲ့ လေကြောင်း၊ ရေကြောင်း ပစ်ကူကာ ပြန်လည် ထိုးစစ်ဆင် သိမ်းယူထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုမရှိတဲ့ နေရာတွေကိုပါ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ကြောင့် ဒေသခံတွေအနေနဲ့ လေယာဉ်သံ၊ ဒုန်းသံနဲ့ လက်နက်ကြီးသံတွေ ကြားရတဲ့အခါ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ မတ္တရာ ပကဖ က တိုက်တွန်းထားပါတယ်။⁩ မန္တလေးမြို့အနီး၊ မတ္တရာနယ် ရေလယ်ကျွန်းရွာတွေကို စစ်အုပ်စု ဗုံးကြဲလို့ ထိခိုက်သေဆုံးသူတွေထဲ အမျိုးသမီးတစ်ဦး/Photo - ဒေသခံ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။ Facebook:   / mandalayfreepress   YouTube:    / @mandalayfreepressmfp   #MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်