Перейти к содержимому

တစ်ကြိမ်တစ်ခါမျှ ယုံယုံကြည်ကြည် နက်နက်နဲနဲ ရွတ်ဖတ်ပူဇော်ပြီး မိမိ အသက်အန္တရာယ်ကို ကာကွယ်နိုင်ပြီ...

Yang Shinns: Kronosian Wisdom

0:00 / 0:00

တစ်ကြိမ်တစ်ခါမျှ ယုံယုံကြည်ကြည် နက်နက်နဲနဲ ရွတ်ဖတ်ပူဇော်ပြီး မိမိ အသက်အန္တရာယ်ကို ကာကွယ်နိုင်ပြီ...

3 170 просмотров · 2 г. назад
Yang Shinns: Kronosian Wisdom
20,7 тыс. подписчиков
3 170 просмотров · 2 г. назад
စစ်မက်ဖြစ်ပွားရာနေရာတွေမှာ နေထိုင်နေကြရတဲ့သူတွေ၊ လက်နက်ကြီး အန္တရာယ်နဲ့ အချိန်မရွေးရင်ဆိုင်နိုင်ရတဲ့သူတွေအတွက် တစ်ကြိမ်တစ်ခါမျှ ယုံယုံကြည်ကြည် နက်နက်နဲနဲ ရွတ်ဖတ်ပူဇော်ရုံနဲ့ လက်နက်ပရောဂကြောင့် မိမိတို့ အသက်အန္တရာယ် ကင်းဝေးစေနိုင်တဲ့ အစွမ်းထက် ဂါထာ (၃)မျိုးအကြောင်း#warzone #war #myanmar #powerful #mantra ကိုယ်က စစ်မက်ဖြစ်ပွားရာနေရာမှာ ရှိမနေပေမယ့် ကိုယ့်ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ မိတ်ဆွေအပေါင်းအသင်းတွေအတွက် ဒီဂါထာ (၃)ပုဒ်ကို မျှဝေနိုင်တဲ့အပြင် သူတို့အတွက် ရည်မှန်းပြီး ရက်တို အဓိဋ္ဌာန်ဝင်နိုင်ပါတယ်... အာဝေဏိက ဂုဏ်တော် (၁၈) ပါးကို ရည်ညွှန်းဖွဲ့ဆိုထားတဲ့ ဓာရဏပရိတ်တော်ရဲ့ ပထမဦးဆုံး အပိုဒ် စိန်ရွှေ ရတနာ (၇) ပါး ရွာသွန်းဖြိုးစေတဲ့ မဟာဝေဒဗ္ဗမန္တာန်တော်ကြီးရဲ့ (၅) ပိုဒ်မြောက် ဂါထာ မြတ်စွာဘုရားကို ဒေဝဒတ်က တောင်ပေါ်ကနေ ကျောက်တုံးကြီးနဲ့ လှိမ့်ချလုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားပြီးတဲ့အခါမှာ မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းဆောင် အပြင်ဘက်ကနေ အရှင်အာနန္ဒာ နှင့် ရဟန်းတော်များက စင်္ကြန်လျှောက် စာအံရင်း စောင့်ရှောက်နေကြတာကို မြတ်စွာဘုရားက မြင်တွေ့သောအခါ ရှင်တော်မြတ်ဘုရားမြွတ်ကြားခဲ့တဲ့ နှုတ်ထွက်တော် ဓမ္မစက်တစ်ခုဖြစ်တဲ့ အဋ္ဌာနမေတံ ဂါထာ ဂါထာ ၃ပုဒ်ရဲ့ ပါဠိနဲ့ အတိုချုပ် အနက်တွေကို စနစ်တကျ တင်ဆက်ပေးထားတဲ့အပြင် - မိမိတို့ရဲ့ ချစ်သူခင်သူ ဆွေမျိုးသားချင်းတို့ ဘေးအန္တရာယ်အမျိုးမျိုး မကျရောက်ပါစေခြင်းအလို့ငှာ အဓိဋ္ဌာန်ပြု ဆုတောင်းမေတ္တာပို့သနိုင်တဲ့ လက်နက်ပရောဂကြောင့် အသက်အန္တရာယ်ကင်းဝေးစေတဲ့ အစွမ်းထက် ဂါထာ (၃) ပုဒ် ပေါင်းစပ် ရက်တိုအဓိဋ္ဌာန် အကြောင်း ကိုလည်း တင်ဆက်ပေးထားပါတယ်... "ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ (ပုတီးတစ်လုံးချ) အန္တရာရော ကာတုံ ကထာ တေ ဟောတု" (ပုတီးတစ်လုံးချ) "န ဇီဝိတန္တရာယောပိ၊ (ပုတီးတစ်လုံးချ) ကာတုံ ဗုဒ္ဓဿ ကေနစိ၊ (ပုတီးတစ်လုံးချ) ဧတေန သစ္စဝဇ္ဇေန၊ (ပုတီးတစ်လုံးချ) ဟောတု တေ ဇယမင်္ဂလံ။ (ပုတီးတစ်လုံးချ) ဟောတု တေ အာယုဝဍ္ဎနံ၊ (ပုတီးတစ်လုံးချ) ဟောတု တေ သုခဝဍ္ဎနံ။" (ပုတီးတစ်လုံးချ) အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော။ (ပုတီတစ်လုံးချ) ယံပရူပက္ကမေန တထာဂတံ ဇီဝိတာဝေါရောပေယျ။ (ပုတီတစ်လုံးချ) အနုပက္က​မေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။ (ပုတီတစ်လုံးချ) ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိတေ ဟောတု သဗ္ဗဒါ။ (ပုတီတစ်လုံးချ) ဂါထာ (၃)ပုဒ်လုံး ပြီးသွားတဲ့အခါ ပုတီးစိပ် (၁၂) လုံးရမှာဖြစ်ပြီးတော့ (၁၀၈) လုံး ပုတီးစိပ်တစ်ပတ်ပြီးဖို့အတွက် ဂါထာ တစ်ပုဒ်ကို (၉) ခေါက် ရွတ်ဖတ်ပြီးတာကြောင့် စကြာဝဠာ နံပါတ် (၉) ဖြစ်နေမှာပဲဖြစ်ပါတယ်... သဗ္ဗေ သင်္ခါရာ အနိစ္စာ ယန်သျှင်း #YangShinns #EnlightenmentYourFuture #baydin #Enlightenomad #CosmicAwakening