Перейти к содержимому

အာကာသယာဉ်ကိုလျှပ်စစ်ဓာတ်လိုက်အောင်လုပ်ခဲ့တဲ့လ Hyperion | Explore with Us Myanmar

Explore with Us Myanmar

0:00 / 0:00

အာကာသယာဉ်ကိုလျှပ်စစ်ဓာတ်လိုက်အောင်လုပ်ခဲ့တဲ့လ Hyperion | Explore with Us Myanmar

8 016 просмотров · 9 дней назад
Explore with Us Myanmar
49,2 тыс. подписчиков
8 016 просмотров · 9 дней назад
အာကာသထဲမှာ ရေမြှုပ်ကြီးတစ်ခုလို ပုံစံပေါက်နေပြီး အနားလာကပ်တဲ့ အာကာသယာဉ်ကိုပါ လျှပ်စစ်ဓာတ်လိုက်အောင် လုပ်နိုင်တဲ့ လတစ်စင်း ရှိတယ်ဆိုတာ သင်သိပါသလား။ ဒီနေ့ ဗီဒီယိုလေးမှာတော့ စနေဂြိုဟ် (Saturn) ရဲ့ လတွေထဲမှာတင်မကဘဲ နေအဖွဲအစည်း (Solar System) တစ်ခုလုံးမှာပါ အထူးဆန်းဆုံးဖြစ်တဲ့ "Hyperion" အကြောင်းကို အသေးစိတ် တင်ဆက်ပေးထားပါတယ်ဗျ။ သာမန်ဂြိုဟ်ရံလတွေရဲ့ စည်းမျဉ်းတွေ အားလုံးကို ဖီဆန်နေတဲ့ ဒီကမ္ဘာကြီးမှာ ဘယ်လို လျှိဝှက်ချက်တွေ ရှိနေမလဲဆိုတာ အတူတူ လေ့လာကြည့်ရအောင်ပါ။ 📌 ဒီဗီဒီယိုလေးထဲမှာ ပါဝင်မယ့် စိတ်ဝင်စားစရာ အချက်များ - 🧽 ဧရာမ အာကာသရေမြှုပ်ကြီး: သာမန်လတွေလို လုံးဝန်းမနေဘဲ ကြေမွနေတဲ့ အပျက်အစီးတွေ စုပုံထားတဲ့ ဧရာမ ရေမြှုပ်ကြီးတစ်ခုလို ဘာလိုဖြစ်နေရတာလဲ။ 🔄 ဖရိုဖရဲ လည်ပတ်နေမှု (Chaotic Rotation): နေအဖွဲအစည်းမှာ ဘယ်အချိန်၊ ဘယ်ဘက်ကို လှည့်မလဲဆိုတာ လုံးဝ ကြိုတင်ခန့်မှန်းလိုမရတဲ့ တစ်ခုတည်းသော လဖြစ်နေတဲ့အကြောင်း။ ⚡️လျှပ်စစ်ဓာတ်လိုက်တတ်တဲ့ လ: ၂၀၀၅ ခုနှစ်တုန်းက အနားကနေ ဖြတ်ပျံသန်းခဲ့တဲ့ Cassini အာကာသယာဉ်ကို ကီလိုမီတာ ၂,၀၀၀ အကွာအဝေးကနေ ဗိုအား ၂၀၀ ရှိတဲ့ လျှပ်စစ်ရှော့ခ် (Electric Shock) ပေးခဲ့တဲ့ အံ့သြစရာ အဖြစ်အပျက်။ 🧬 သက်ရှိတွေဖြစ်တည်ဖို အခြေခံအုတ်မြစ်: သာမန်ရေခဲတွေတင်မကဘဲ ဇီဝဗေဒအရ အရေးပါတဲ့ ဟိုက်ဒရိုကာဘွန် (Hydrocarbons) တွေနဲ့ အခြား ရှုပ်ထွေးတဲ့ ဓာတုဗေဒ လျှိဝှက်ချက်တွေကို ပိုင်ဆိုင်ထားတဲ့အကြောင်း။ ဒါတွေတင်မကသေးဘဲ Hyperion နဲ့ပတ်သက်တဲ့ နောက်ကွယ်က သမိုင်းကြောင်းတွေ၊ Titan နဲ့ ဆက်စပ်နေတဲ့ သင်္ချာပိုင်းဆိုင်ရာ ထူးဆန်းမှုတွေကိုပါ ဒီဗီဒီယိုလေးထဲမှာ ပြည့်ပြည့်စုံစုံ ရှင်းပြပေးထားလို အဆုံးထိ ကြည့်ရှုပေးဖို ဖိတ်ခေါ်ပါတယ်ဗျ။ Facebook facebook.com/explorewithusmyanmar Tiktok tiktok.com/@explorewithusmyanmar #explorewithusmyanmar #space #hyperion