ရှီကျင့်ဖျင်ကိုလေဆိပ်ထိဆင်းပြီးထရမ့်ကြိုဆို | People's Spring
People's Spring
0:00 / 0:00
ရှီကျင့်ဖျင်ကိုလေဆိပ်ထိဆင်းပြီးထရမ့်ကြိုဆို | People's Spring
24 095 просмотров · 16 часов назад
People's Spring
700 тыс. подписчиков
24 095 просмотров · 16 часов назад
ရှီကျင့်ဖျင်ကိုလေဆိပ်ထိဆင်းပြီးထရမ့်ကြိုဆို
စက်တင်ဘာ-၂၄၊ ၂၀၂၆။ People's Spring
ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။
ဒါဟာ ရှီက ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း အမေရိကန်ရဲ့ မြို့တော်ဆီ ပထမဆုံး ခြေချခြင်းလည်း ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေအရ ထရမ့်ဟာ ဧည့်သည်တော် နိုင်ငံခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံလေ့ ရှိပေမယ့် သူ့ရဲ့ စူပါပါဝါ ပြိုင်ဘက်ကိုတော့ အန်ဒရူးစ် လေတပ်စခန်းထိ သွားရောက် ကြိုဆိုခဲ့တာပါ။
စက်တင်ဘာ ၂၃ ရက်နေ့တုန်းက လေတပ်စခန်းဆီ ရှီရဲ့ လေယာဉ်ဆင်းသက်လာတဲ့နောက် ရှီနဲ့ ဇနီးဖြစ်သူ ပန်လိယွမ်တို့ကို ကော်ဇောနီခင်း၊ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တာပါ။ ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လာနီယာ ထရမ့်တို့ဟာ လေယာဉ်ရဲ့ လှေကားနားထိ သွားရောက်ပြီး ဧည့်သည်တော် သမ္မတ ဇနီးမောင်နှံကို နှုတ်ဆက်ခဲ့ကြပါတယ်။
ပြီးတော့ အဲဒီအချိန်မှာပဲ လေတပ်စခန်းရဲ့ အထက် ကောင်းကင်ယံမှာ B-1 ဗုံးကြဲလေယာဉ်ကြီး နှစ်စီးကလည်း ရှီကို ဂုဏ်ပြု ပျံသန်းပြခဲ့ပါတယ်။
ဝါရှင်တန် ဒီစီကို ရှီရောက်ရှိလာတဲ့ နေ့မှာပဲ အမေရိကန်နဲ့ တရုတ်တို့ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ပြိုင်ဆိုင်မှုတွေ ဆိုင်းငံ့ထားမယ့် ကာလကို ဇန်နဝါရီ ၁၀ ရက်နေ့ထိ သက်တမ်း ထပ်တိုးလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။ မူလတုန်းက အဲဒီသဘောတူညီမှုဟာ နိုဝင်ဘာမှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။
လေဆိပ်မှာ ရှီကို ထရမ့်က ကိုယ်တိုင်လာကြိုခဲ့ပေမယ့်လည်း ဝါရှင်တန် ဒီစီကို သွားရောက်ချိန်မှာတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ သီးခြားယာဉ်တန်းတွေနဲ့ ထွက်ခွာသွားပါတယ်။ သူတို့နှစ်ဦးဟာ မေလတုန်းက ဘေဂျင်းမှာ နောက်ဆုံးအကြိမ် လူချင်းတွေ့ခဲ့ပြီး အဲဒီတုန်းကလည်း ရှီက ထရမ့်ကို တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက နှစ်နိုင်ငံ ဆွေးနွေး ညှိနှိုင်းမှုတွေဟာ မျှော်လင့်ထားသလောက် ထရမ့်အတွက် အကျိုးမဖြစ်ထွန်းခဲ့ကြောင်း ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနကတော့ ထရမ့်က ရှီကို ခေါင်းဆောင်ကောင်း တစ်ဦးလို့ ညွှန်းဆိုခဲ့ပြီး သူ့ရဲ့ ခရီးစဉ်ကိုလည်း ခမ်းနားတဲ့ အခိုက်အတန့် တစ်ခုအဖြစ် ချီးကျူးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ရှီကလည်း အင်္ဂလိပ်နဲ့ တရုတ် နှစ်ဘာသာ ပါဝင်တဲ့ ထုတ်ပြန်ချက်မှာ တရုတ်နဲ့ အမေရိကန်တို့ဟာ ပြိုင်ဘက်တွေအစား မိတ်ဖက် နိုင်ငံတွေ ဖြစ်နေသင့်တာလို့ ရေးသားထားခဲ့ကြောင်း ရှင်ဟွာက ဆိုပါတယ်။
ကိုးကား: BBC
=====
America’s Got Talentမှာ ဗိုလ်စွဲသွားတဲ့ ထိုင်းဆယ်ကျော်သက် ဂီတကြယ်ပွင့်
စက်တင်ဘာ-၂၄၊ ၂၀၂၆။ People's Spring
အခုနှစ် America’s Got Talent (AGT) အစီအစဉ်မှာ ထိုင်းနိုင်ငံက ဆယ်ကျော်သက် အဆိုတော်၊ ဂစ်တာသမား မိန်းကလေး နေနေ ရိုင်ရယ်လ်က အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။
ကိုယ့်ရဲ့ ကျွမ်းကျင်မှု ပါရမီ အမျိုးမျိုးကို ပြသပြီး ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲကြီးရဲ့ ၂၁ ခုမြောက် ရာသီမှာ နေနေက ဗိုလ်စွဲပြီး အမေရိကန် ဒေါ်လာ ၁ သန်း ဆုကြေးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ဖူးခက်ဒေသခံ နေနေဟာ AGT မှာ ပါဝင်ယှဉ်ပြိုင်ရင်း ထိုင်းမှာရော၊ ကမ္ဘာအနှံ့မှာပါ ပရိသတ်တွေ တိုးပွားပြီး ဂီတကြယ်ပွင့် တစ်ဦးအဖြစ် လျင်လျင်မြန်မြန် အသိအမှတ်ပြု ခံလာရသူပါ။
နာမည်ရင်းက ရတ်တစ်ကန် အမ်လွိုင်ဖြစ်ပေမယ့် သူ့ရဲ့ အနုပညာ နာမည်နဲ့ ပိုပြီး လူသိများတဲ့ နေနေဟာ စက်တင်ဘာ ၂၃ ရက်နေ့ AGT ရဲ့ ရလဒ်ကြေညာမှုတွေ ထွက်ပေါ်လာချိန်မှာတော့ ဗိုလ်လုပွဲရောက် ပြိုင်ဘက် ၉ ဦးကို အနိုင်ယူ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ အဆင့်မှာတော့ သူဟာ The White Stripesရဲ့ Seven Nation Army သီချင်းနဲ့ ဖျော်ဖြေပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။
“မင်းနိုင်သင့်တယ်။ သူ့ကိုသာ ဒေါ်လာ တစ်သန်း ပေးလိုက်ကြပါတော့”လို့ စက်တင်ဘာ ၂၂ ရက် ဖျော်ဖြေမှု အပြီးမှာ ဒိုင်လူကြီး ဟောင်ဝီမန်ဒဲလ်က ပြောကြားခဲ့ပါတယ်။
သူဟာ Cranberriesရဲ့ Zombie သီချင်းကို AGT မှာ ဖျော်ဖြေရာက စတင်ပြီး လူသိများလာခဲ့ပါတယ်။ လူမှုကွန်ရက်တွေမှာလည်း အဲဒီ ဖျော်ဖြေမှု ဗီဒီယို ကြည့်ရှုသူ အရေအတွက် သန်းပေါင်း ရာနဲ့ချီ များပြားခဲ့ပါတယ်။
AGT မှာ နေနေ ပြိုင်ပွဲဝင်နေတဲ့ ကာလတလျှောက် မိခင်နိုင်ငံမှာလည်း သူ့ကို အားပေးထောက်ခံသူ ဦးရေက တရိပ်ရိပ် တိုးပွားလာပါတယ်။ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူကလည်း နေနေကို အစိုးရ အနေနဲ့ ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေဖို့ ကမ္ဘာလှည့် ခရီးသွားဌာန တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။
အနူတင်ဟာ နေနေကို အစိုးရ အိမ်တော်ဆီ ဖိတ်ကြားတွေ့ဆုံဖူးပြီး ဆယ်ကျော်သက် ဂီတကြယ်ပွင့်လေးကလည်း ထိုင်းRock သီချင်း တစ်ပုဒ်ကို ဂီတာတီးပြီး ဖျော်ဖြေပြခဲ့ပါတယ်။ ထိုင်းအစိုးရ တာဝန်ရှိသူတွေဟာ နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား ဖွံ့ဖြိုးရေး အစီအမံဖြစ်တဲ့ ‘Amazing Thailand’မှာလည်း နေနေရဲ့ ပုံရိပ်ကို ထည့်သွင်း အသုံးပြုနိုင်ရေး အတွက်လည်း ဆွေးနွေးနေပါတယ်။
ဖူးခက်က ညစျေးတစ်ခုမှာ ဂီတာတီး ဖျော်ဖြေရင်း ငွေရှာခဲ့ရဖူးတဲ့ ကလေးမလေး တစ်ယောက်က AGTရဲ့ ဒေါ်လာ ၁ သန်း အမြင့်ဆုံး ဆုကြေးကို ဆွတ်ခူးနိုင်ခြင်းဟာ အံ့မခန်း အလှည့်အပြောင်း တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
နေနေဟာ အသက် ၇ နှစ် အရွယ်မှာ ဘတ် ၁၆၀၀ တန် ဂီတာလေး တစ်လုံးကို ပထမဆုံး ရရှိခဲ့ပါတယ်။ တစ်လကို ဘတ် ၁၀၀၀၀ အောက်လောက်ပဲ ဝင်ငွေရှိတဲ့ မိသားစုအတွက်တော့ အဲဒီ ဂီတာလေးက အတော်စျေးကြီးပါတယ်။
ကိုးကား: Bloomberg
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ထရမ့်နှင့်ရှီကျင့်ဖျင် #အမေရိကန်တရုတ်ထိပ်သီးတွေ့ဆုံပွဲ #ထရမ့်ကြိုဆိုပွဲ #နိုင်ငံတကာသတင်း #TrumpXiMeeting #USChinaSummit #TrumpWelcomesXi #USChinaRelations #WorldNews #AGT2026Winner #AmericasGotTalent #ထိုင်းဂီတကြယ်ပွင့် #AGTဗိုလ်စွဲမှု #နိုင်ငံတကာသတင်း #AGTThailand #TeenMusicStar #AmericasGotTalentWinner #WorldNews