ပွင့်လင်းရာသီမှာ SU 30 တိုက်လေယာဉ်တွေ အသုံးပြုလာနိုင်တယ်
The Irrawaddy News
0:00 / 0:00
ပွင့်လင်းရာသီမှာ SU 30 တိုက်လေယာဉ်တွေ အသုံးပြုလာနိုင်တယ်
193 126 просмотров · 3 года назад
The Irrawaddy News
1,61 млн подписчиков
193 126 просмотров · 3 года назад
ပွင့်လင်းရာသီမှာ SU 30 တိုက်လေယာဉ်တွေ အသုံးပြုလာနိုင်တယ် (ရုပ်/သံ)
ဧရာ၀တီ၊ စက်တင်ဘာ ၂၇၊ ၂၀၂၂
စစ်ကောင်စီက ရုရှားကနေ SU 30 တိုက်လေယာဉ် ၆ စီးကို ၂၀၁၈ ခုနှစ်က မှာယူခဲ့ပြီး၊ ၂၀၂၂ ခုနှစ် မတ်လ အတွင်းမှာ SU 30 တိုက်လေယာဉ် ၂ စီး ရောက်ရှိထားပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလေယာဉ်တွေကို မောင်းနှင်ဖို့နဲ့ ပြုပြင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ၂၀၂၂ ခုနှစ် အစောပိုင်းက လေသူရဲ အုပ်မှူး ဗိုလ်မှူးကြီးခန့်နေလေး ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ကို ရုရှားနိုင်ငံကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
SU 30 တိုက်လေယာဉ်တွေဟာ ပေါင်း ၅၀၀ ကဲ့သို့ ပေါက်ကွဲအားပြင်းတဲ့ ဗုံးသီး အများအပြားကို တပ် ဆင် သယ်ဆောင်နိုင်တဲ့အတွက် အာဏာသိမ်းတစ်တပ်ဟာ လာမယ့်ပွင့်လင်းရာသီမှာ အဲ့ဒီတိုက်လေ ယာဉ်တွေနဲ့ တိုင်းရင်းသား နယ်မြေတွေနဲ့ ပြည်သူအခြေပြု ဒေသတွေမှာ အသုံးပြု တိုက်ခိုက်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဗိုလ်ကြီးဇေသူအောင်ကို ဧရာ၀တီ သတင်းဌာနက ဆက်သွယ်မေး မြန်းထားပါတယ်။